ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 14, 2015

နေ့စဉ် ယမကာ သောက်သုံးခြင်းဟာ အမျိုးသမီးတွေ အတွက် ရင်သားကင်ဆာ ဖြစ်နိုင်ချေများ




အမျိုးသမီး တွေအနေနဲ့ တစ်နေ့ကို ၀ိုင်တစ်ခွက်ခန့် သောက်သုံးခြင်းဟာလည်း ကင်ဆာရောဂါ ဖြစ်နိုင်ချေ ပိုများလာစေတယ်လို့ သိပ္ပံပညာရှင်တွေကို သတိပေး ပြောဆိုလိုက်ပါတယ်။

သိပ္ပံပညာရှင် တွေရဲ့ ရှာဖွေ တွေ့ရှိမှု သက်သေ တွေက တစ်ဆင့် ဆွေးနွေး အကြံပြုခဲ့တာကတော့ အောက်ပါ လမ်းညွှန်နည်း အတိုင်းသောက်မယ် ဆိုရင်တော့ ကျန်းမာရေး အတွက် ထိခိုက်နိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှားသွားနိုင် လိ့မ်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထား ပါသေးတယ်။

နေ့စဉ် ယမကာ သောက်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ ကင်ဆာရောဂါ တစ်ခုခု ဖြစ်နိုင်ချေ ၁၃ ရာခိုင်နှုန်း ပိုများတယ်လို့ ဗြိတိန် ကျန်းမာရေး ဂျာနယ်မှာ ပုံနှိပ်ဖော်ပြထားတဲ့ လေ့လာမှု တစ်ခုအရ သိရပါတယ်။ ဖြစ်နိုင်ချေအများဆုံး ကတော့ ရင်သားကင်ဆာဖြစ်ပြီး ၊ အသည်း ၊ အူမကြီး ၊ လည်ချောင်း ၊ ပါးစပ် ၊ အစာပြွန် နဲ့ လည်မျို ကင်ဆာ တွေလည်း ဖြစ်နိုင်ချေ ရှိတယ်လို့ လေ့လာမှု ထဲမှာ ဖော်ပြထားပါတယ်။

"မိသားစု သမိုင်းမှာ ကင်ဆာရောဂါ ဖြစ်ဖူးတဲ့သူတွေ ၊ အထူးသဖြင့် မိသားစု သမိုင်းမှာ ရင်သားကင်ဆာ ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတွေ အနေနဲ့ သူမတို့ရဲ့ ယမကာ မှီဝဲမှု ပမာဏကို သတ်မှတ်ပေးထားတဲ့ အတိုင်းအတာအထိ လျှော့ချသင့်ပါတယ်။ မဟုတ်ရင်လည်း မသောက်ပဲနေတာပိုကောင်းပါတယ်" လို့ ဟားဗတ် တက္ကသိုလ်က ဒေါက်တာ Jurgen Rehm က ဆိုပါတယ်။

ဆရာဝန်တွေ နှစ်ပေါင်းများစွာ လက်ခံခဲ့ကြတဲ့ ယမကာ သောက်သုံးခြင်းရဲ့ ဆိုးကျိုးတွေကတော့ အသည်း ရောဂါ ၊ အ၀လွန်ခြင်းနဲ့ အခြား ရောဂါတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမေရိကန် သုတေသီတွေက အမျိုးသမီး ၁၃၅,၀၀၀ ယောက်ကို နှစ်ပေါင်း ၃၀ ကျော် ကျန်းမာရေး စစ်တမ်းကောက်ယူမှု အပေါ်အခြေခံပြီး ရှာဖွေတွေ့ရှိခဲ့တာကတော့ အနည်းငယ် သောက်သုံးခြင်းကတော့ ဘာသက်ရောက်မှု မှ မရှိနိုင်ဘူးဆိုတာပါပဲ။

အမေရိကန် သုတေသီတွေ တွေ့ရှိခဲ့တာက အမျိုးသမီး တွေဟာ တစ်နေ့ကို ၀ိုင် ၁၂၀ မီလီလီတာ ရှိတဲ့ ဖန်ခွက်တစ်ခွက်ခန့်သောက်သုံးမှာ သာ ကင်ဆာ ရောဂါ နဲ့ အခြား ရောဂါတွေအတွက် ကျန်းမာရေး ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ ၀ိုင် ၁၂၀ မီလီလီတာ ဆိုတဟာ ၁.၉ ယူနစ် နဲ့ ညီမျှသလို ဗြိတိန် နိုင်ငံရဲ့ သတ်မှတ်ချက် အရဆိုရင် တစ်နေ့ကို ၂ ခွက် (သို့) ၃ ခွက် နဲ့ ညီမျှနေပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_18.html


No comments:

Post a Comment