
လူတော်တော် များများဟာ ပျော်ရွင်မှုကို သူတို့ရဲ့ကောင်းမွန်တဲ့ ဘ၀အခြေ အနေ ထဲမှာ ထည့်သွင်း ထားပြီး မပျော်ရွှင်ခြင်း တွေဟာ သူတို့အတွက် ဆိုးဝါးတဲ့ ဘ၀အခြေအနေ ဖြစ်တယ်လို့ ယူဆ ထားကြတယ်။ ဒါပေမယ့် England က လေ့လာမှု အသစ်အရ ဒါတွေဟာ ကျန်းမာရေး သို့ အကျင့်စရိုက်တွေ ပေါ်မှာ သက်ရောက် မှု မရှိဘူးလို့ ဆိုလာ ပါတယ်။
University of Oxford က သုတေသီတွေအဆိုအရ စိတ်ဖိစီးမှုနဲ့ ပူဆွေးသောကတွေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ ရလဒ်တွေမတွေ့ရကြောင်း England ရှိ အမျိုးသမီး တစ်သန်းကျော်ကို လေ့လာ စမ်းစစ် ချက်အပေါ် အခြေခံပြီး လေ့လာခဲ့တယ်လို့ သိရပါတယ်။
“ နေမကောင်းဖြစ်ရင် မပျော်ရပါဘူး။ ဒါပေမယ့် မပျော်လို့တော့ ခင်ဗျား နေမကောင်းဖြစ်တယ်ဆိုတာ မရှိပါဘူး။
ကျွန်တော်တို့ အမျိုးသမီး တစ်သန်ကျော်ကို ၁၀ နှစ်ကြာ လေ့လာပြီးတဲ့နောက် ပူဆွေးဝမ်းနည်းမှု၊ စိတ်ဖိစီးမှုတွေက အကျင့်စရိုက်တွေအပေါ် တိုက်ရိုက် အကျိုးသက်ရောက်တာ မရှိတာကို တွေ့ခဲ့ရ ပါတယ်။” လို့ University of New South Wales မှ ပါမောက္ခဖြစ်သူ ဒေါက်တာ Bette Liu က ရှင်းလင်းပြောပြထားပါတယ်။
Ref : Upi
Original link - http://health.thithtoolwin.com/2015/12/blog-post_14.html

No comments:
Post a Comment