ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 18, 2015

အသီးရွက် စည်သွပ် အစာများ စားသော သူများသည် အခြားဘာမှ မစားသော သူထက် ပို၍ကျန်းမာ စေနိုင်




ကျွန်တော်တို့ သိထားတာက စည်သွပ်ဘူး အစားအစာ တွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ သိထား ကြတာပါ၊ ဒါပေမယ့် ဒီသုတေသန အသစ်ကတော့ အသီးအရွက် စည်သွပ်ဘူးတွေ စားသုံးတဲ့ သူဟာ အသီးအရွက် တွေကို ရှောင်တဲ့ အခြားလူတွေထက် စာရင်တော့ ပိုပြီး ကျန်းမာနိုင် တယ်လို့ ဆိုခဲ့တာပါ၊

ဒါပေမယ့်လည်းပဲ သူတို့မှာလည်း ကယ်လိုရီ နဲ့သကြားတွေကိုစားသုံးခြင်းကိုရပ်တန့်ဖို့ သတိပေးထားပါတယ်၊ ဒီသုတေသနကိုတော့ ကယ်လီဖိုးနီယားက သုတေသီတွေက ၂၀၀၁ခုနှစ်ကနေ ၂၀၁၀ခုနှစ်အတွင်း အမေရိကန်နိုင်ငံ က ကလေးတွေနဲ့အရွယ်ရောက်ပြီးသူတွေဆီမှာ လေ့လာခဲ့တာဖြစ်ပါတယ်၊

သူတို့ဟာ လူတွေရဲ့ အစားအသောက်အရည်အသွေးနဲ့ သူတို့ရဲ့စားသုံးတဲ့စားသုံးတဲ့ ကောက်စပါး၊ နို့ထွက်ပစ္စည်း၊ ပရိုတိန်း၊ ပင်လယ်စာနဲ့ကန့်သတ်ဆားပမာဏ၊ သကြာနဲ့ ကယ်လိုရီပမာဏ စတဲ့စည်သွပ်ဘူးအစားအစာတွေ အပေါ်အခြေခံပြီး ဒီစာရင်းကိုပြုစုခဲ့တာပါ၊

"တစ်ယောက်က စည်သွပ် အသီးအရွက်တွေကိုစားတယ်၊ နောက်တစ်ယောက်က နည်းပါတဲ့ ပမာဏကိုပဲစားတယ်ဆိုရင် နည်းနည်းပဲစားတဲ့ လူထက် စည်သွပ်အသီးအရွက်တွေပုံမှန်စားနေတဲ့လူကပိုပြီး များပြားတဲ့ အာဟာရကို
ရရှိပါတယ်၊" လို့ ကယ်လီဖိုးနီးယား ဆန်ဟိုဆေး တက္ကသိုလ်က လက်ထောက်သုတေသီ marjorie Freedman ကပြောပါတယ်၊

ကလေးတွေနဲ့အရွယ်ရောက်ပြီးသူတွေရဲ့ စားသုံးတဲ့ အသီးအရွက်စည်သွပ်ဘူးတွေဟာ တူညီတဲ့ ဆားနဲ့ သကြားအဆင့်တွေ ရရှိတယ်လို့ပြောပါတယ်၊

လေ့လာသူတွေက စည်သွပ်ဘူးတွေက အသီးအရွက်တွေဟာ လတ်လတ်ဆတ်ဆတ် နဲ့ အေးခဲ အသီးအရွက်တွေနဲ့စာရင်ရောပိုပြီးကျန်းမာရေးကိုအထောက်အကူပြုနိုင်မပြုနိုင်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး၊



Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_17.html


No comments:

Post a Comment