
သင့်ရဲ့ ဦးနှောက်ဟာ အချိန်နဲ့ အမျှ အလုပ်တွေ လုပ်နေရတာ ဖြစ်ပါတယ်။ ဦးနှောက် အလုပ် လုပ်ပုံဟာ ကွန်ပျူတာ ဆားကစ်တွေနဲ့ အတူတူပဲလို့ အမေရိကန် သုတေသီတွေက ဆိုပါတယ်။
ဒါကြောင့် သင့် ဦးနှောက်ရဲ့ ဆားကစ်တွေကို အလုပ်လျှော့ လုပ်ခိုင်း သင့်ပါတယ်။
ပုံမှန် လုပ်ခိုင်း နေကျ ပုံစံမဟုတ်ဘဲ ပြောင်းလဲ လုပ်ကိုင်စေ ခြင်းဟာ အသက်ကြီး လာရင် အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေ လျော့စေနိုင် ပါတယ်။
ဥပမာ - သွားတိုက်တဲ့ အခါ သွားပွတ်တံကို ကိုင်နေကျ လက်နဲ့ မဟုတ်ဘဲ၊ တခြားလက်နဲ့ ကိုင်တိုက် တာမျိုး၊ အဝတ် အစားတွေကို ရွေးရင် မျက်စိနဲ့ ကြည့်မရွေးဘဲ အထိအတွေ့နဲ့ ရွေးတာမျိုး လုပ်သင့် တယ်လို့ ဆိုပါတယ်။
photo - en.wikinoticia.com
The Irrawaddy's Blog by thae thae
Original link - http://blog.irrawaddy.com/2015/12/blog-post_14.html

No comments:
Post a Comment