ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

သာမန်ဘ၀နဲ့ နေနိုင်ဖို့ အသက်နဲ့ရင်း ခွဲစိတ်ရမယ့် မိန်းကလေး




အိန္ဒိယ လူမျိုး မိန်းကလေး တစ်ယောက်ဟာ သူမရဲ့ အလွန် ကောက်ကွေး နေတဲ့ ကျောရိုးကို တည့်မတ် ခွဲစိတ်ဖို့ အတွက် သူမ အသက်နဲ့ လေဖြတ်နိုင်ခြေ ကိုပါ ရင်းသွားရမှာ ဖြစ်ပါတယ်။



အသက် ၁၇ နှစ် အရွယ်၊ Pretti Kumari Rai ဟာ ၀မ်းတွင်းပါ ကျောရိုးကောက်မှုနဲ့  ကိုယ်လက် အင်္ဂါ ချို့ ယွင်းမှု ကို ခံစားနေ ရကြောင်း အသက် ၈ နှစ် အရွယ်မှာ စတင် ရောဂါရှာတွေ့ ခဲ့တာ ဖြစ်ပါတယ်။

New Delhi မြို့ က ဆေးရုံအများအပြားက ဆရာဝန် ၁၀ ယောက်ကျော်လုံးက သူတို့ ဘာမှ မလုပ်ပေးနိုင်ကြောင်း ငြင်းဆိုခဲ့ပြီနောက်၊ အခုအခါ ကလေးမလေးဟာ သူမရဲ့ ကျောရိုး ကောက်မှုကို ပြန်တည့်မတ် ပေးမယ့် ခွဲစိတ် ဆရာဝန် တစ်ဦးကို ရှာတွေ့ သွားပြီ ဖြစ်ပါတယ်။

သူမဟာ ဒီခွဲစိတ်မှုမှာ အသက် ဆုံးရှုံးရနိုင်ခြေ ရှိသလို၊ ခွဲစိတ်ပြီးနောက် မလှုပ်ရှားနိုင်တော့ တာမျိုး ဖြစ်နိုင်ပေမယ့် သူမကတော့ သာမန် လူသား ဘ၀တစ်ယောက်မှာ နေချင်ပြီး တစ်နေ့ မှာ အစိုးရ ၀န်ထမ်းလုပ်ဖို့ မျှော်လင့်ချက်နဲ့  ဒီအန္တရာယ်တွေကို စွန့် စားရင်ဆိုင် သွားဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

“ သမီး ခွဲစိတ်ဖို့ အရမ်း ရင်ခုန်နေပါတယ်။ ကြောက်လန့် ပြီး စိတ်လှုပ်ရှား တာမျိုး မရှိပါဘူး။ ဒီ အန္တရာယ်တွေကို သမီး လိုလိုလားလားရင်ဆိုင် သွားဖို့ လည်း ဆရာဝန်တွေကို ပြောပြီးပါပြီ။ အကြောသေနိုင်မယ့် အန္တရာယ်ကိုလည်း မကြောက်ပါဘူး” လို့ သူမက ဆိုပါတယ်။

New Delhi မြို့ အပြင်ဘက်မှာနေထိုင်သူ Preeti ဟာ ပျော်ရွှင်စရာကောင်းတဲ့ကလေးဘ၀ကို ပိုင်ဆိုင်ခဲ့ရပေမယ့် အသက် ၈ နှစ်အရွယ်ကစ ခါးကိုင်း လာကာ၊ ကျောရိုးက ကောက်ကွေး လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် Preeti ရဲ့အဖေဖြစ်သူ Dilip Rai နဲ့ အသက် ၄၀ အရွယ် အမေ Meena Devi တို့ ဟာ သားလေးယောက်လုံး အဖတ်မတင်ခဲ့ဘဲ သမီးဖြစ်သူကလည်း ကျန်းမာရေးဆိုးရွားတဲ့လက္ခဏာတွေ ပြလာတဲ့ အခါ အရမ်းကြေကွဲဝမ်းနည်းခဲ့ရတယ်လို့ ဆိုပါတယ်။

Delhi တက္ကသိုလ်နဲ့ Karnataka တက္ကသိုလ်တို့ မှာ နိုင်ငံရေးပညာရပ်ကို သင်ကြားပြီး တစ်နေ့ မှာ နိုင်ငံရေးသမား တစ်ယောက်လုပ်ဖို့ ရည်မှန်းထားတဲ့ Preeti ဟာ နောက်လထဲ ခွဲစိတ်မှုခံယူဖို့ အတွက် ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment