ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

လူတစ်ကိုယ် စိတ် ၁၀ မျိုးနဲ့ မျက်စိကွယ်လိုက် လင်းလိုက်ဖြစ်သော ထူးဆန်းရောဂါ




မျက်စိ ကွယ်နေတဲ့ အမျိုးသမီး တစ်ယောက်ကြောင့် ဆရာဝန်တွေ အံ့အားသင့်ခဲ့ ရပါတယ်။ အဲဒီ အမျိုးသမီးဟာ အသက် အရွယ်မတူ၊ ကျား / မ မတူ၊ စိတ် အခြေအနေ မတူ စတဲ့ စိတ် ၁၀ မျိုး ဖြစ်နေသူ ဖြစ်ပါတယ်။

စိတ် အခြေအနေ ၁၀ မျိုး အနက်မှာ ၈ မျိုးလောက်က မျက်စိ လင်းပါတယ်။ တစ်ခါ တလေဆို စက္ကန့်ပိုင်း အတွင်း သူဟာ တခြားသူ တစ်ယောက် အဖြစ် စိတ်ပြောင်း သွားပြီး မျက်စိကွယ် သွား တတ်ပါတယ်။

သူ မျက်စိ ကွယ်တာဟာ ရုပ်ပိုင်း ဆိုင်ရာကြောင့် မဟုတ်ဘဲ စိတ်ပိုင်း ဆိုင်ရာကြောင့်လို့ ဆရာဝန်တွေ သိလိုက် ရချိန်မှာ စိတ္တကုထုံး လုပ်ဖို့ကို အကြံပြု ခဲ့ပါတယ်။

သူဟာ စိတ္တ ကုထုံးခံယူဖို့ အကြံပြုချက် ရပြီးတဲ့နောက် ၁၃ နှစ် အကြာမှာတော့ သူ့မှာ စိတ် ၁၀ မျိုး ထက်ကို များနေတာ သွားတွေ့ ရပါတယ်။

ထူးဆန်းတာက တချို့စိတ် အခြေအနေ တွေမှာ မတူညီတဲ့ ဘာသာစကားတွေ နဲ့တောင် ဆက်သွယ် ပြောဆို တာပါပဲ။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_317.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment