ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, November 29, 2015

ပရိုဂျက်စတုန်း ထိုးပေးခြင်းဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို အကာအကွယ် မပေးနိုင်




တစ်ကြိမ်မက ကိုယ်ဝန် ပျက်ကျ ဖူးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ပရိုဂျက်စတုန်း ထိုးသွင်း Aပးခြင်းဟာ နောက်ထပ် ကိုယ်ဝန် ပျက်ကျနိုင်ခြင်းကို အကာအကွယ် မပေးနိုင် တာကို University of Birmingham က လေ့လာချက်အသစ်အရ သိရှိပါတယ်။

ကိုယ်ဝန် ပျက်ကျ ဖူးသည့် အမျိုးသမီးပေါင်း ၈၂၆ ဦးကို ငါးနှစ်ကြာ လေ့လာမှုများ ပြုလုပ်ပြီး တဲ့နောက် ပရိုဂျက်စတုန်း ထိုးသွင်း ပေးခြင်းဟာ အကူအညီ မပေးနိုင် တာကို တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

The New England Journal of Medicine ဂျာနယ်မှာ ဒီတွေ့ရှိချက် အသစ်ဟာ ကိုယ်ဝန်ဆောင် ဆေးမှတ်တမ်း၊ အသက်အရွယ် တွေပေါ်မှာ မူတည်နေတာ မဟုတ်ဘူးလို့ ဖော်ပြ ထားပါတယ်။

ပရိုဂျက် စတုန်း ကို နှစ်ပေါင်း ၆၀ ကျော်တိုင် ကိုယ်ဝန် ပျက်ကျခြင်း တွေကို အကာအကွယ် ပေးနိုင်ဖို့ အသုံးပြု ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ရှိချက်အရ ပရိုဂျက်စတုန်း ထိုးသွင်းထားတဲ့ ကိုယ်ဝန်ဆောင်များ ကလေးမွေးနိုင်မှု ဟာ ၆၅.၈ ရာခိုင်နှုန်း ဖြစ်ပြီး ပရိုဂျက်စတုန်း အသုံးမပြုတဲ့ ကိုယ်ဝန်ဆောင်များ ကလေးမွေးဖွားနှုန်း ဟာလည်း ၆၃.၃ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_88.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment