ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 20, 2015

အမေရိကန်နိုင်ငံမှာ ဆေးလိပ်သောက်သူ ဦးရေ သိသိသာသာ လျော့ကျလာ




အမေရိကန် နိုင်ငံမှာ အရွယ် ရောက်ပြီး စီးကရက် သောက်သူ လူဦးရေ ရာခိုင်နှုန်း သိသိ သာသာ လျော့နည်း လာပါသတဲ့။

၂၀၀၅ ခုနှစ်က ၂၀.၉ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ၁၆.၈ ရာခိုင်နှုန်း အထိ ကျဆင်း ခဲ့တာဖြစ်ပါတယ်။ ဒီအရေ အတွက်ဟာ အမေရိကန်နိုင်ငံရှိ အရွယ်ရောက် ပြီးသူတွေရဲ့ ဆေးရွက်ကြီး သုံးစွဲမှုဟာ မီဒီယာ ကမ်ပိန်းတွေ၊ ဥပဒေ အသစ်တွေ ထွက်ပေါ် လာတာနဲ့ ဆက်စပ်မှု ရှိနိုင်ပြီး ဆေးလိပ်ဖြတ် လိုက်ကြတာ ဖြစ်နိုင်တယ်လို့ the Centers for Disease Control and Prevention က ပြီးခဲ့တဲ့ သောကြာနေ့က အစီရင်ခံစာ ထုတ်ပြန်ရေးသား ထားပါတယ်။

စီးကရက်သောက်သုံးမှုဟာ အသက် ၁၈နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေမှာ သိသိသာသာ လျော့နည်းလာတာဖြစ်တယ်လို့ CDC ကဆိုပါတယ်။

အစီရင်ခံစာအရ e-cigarette နဲ့ ဆေးတံရှုမှုတွေကလည်း လူငယ်တွေရဲ့ ဆေးလိပ်သောက်တဲ့ အကျင့်တွေအပေါ် သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။

“ ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဉ် အမေရိကန်နိုင်ငံသား သန်းတစ်ဝက်ခန့် သေဆုံးနေကြပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ခန့် ကုန်ကျပါတယ်။ ဒီအစီရင်ခံစာက အမေရိကန်နိုင်ငံသားတွေ ဆေးလိပ်ဖြတ်ဖို့အတွက် တကယ့် အကူအညီဖြစ်တဲ့ တိုးတက်ပြောင်းလဲမှုဖြစ်ပြီး ပိုပြီးလည်း အကျိုးသက်ရောက်လာပါလိမ့်မယ်” လို့ CDC ဒါရိုက်တာ Tom Frieden က ပြောကြားသွားပါတယ်။

Ref : Upi

Original link -

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment