ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 20, 2015

အအိပ်နည်းခြင်းသည် ကျောက်ကပ်ကို ဆိုးရွားစွာ ထိခိုက်စေပါသည်




တစ်ညကို အိပ်ချိန် ၅ နာရီနဲ့ အောက် အိပ်စက်ခြင်းက ကျောက်ကပ် ပျက်စီးမှု အန္တရာယ်ကို သိသိ သာသာ မြင့်တက် စေတယ်လို့ သုတေသန တစ်ရပ်က ဆိုထားပါတယ်။

ကျောက်ကပ် ကောင်းကောင်း အလုပ်လုပ်ဖို့ အတွက်ကို လုံလောက်စွာ အိပ်စက်ဖို့ အရေးကြီးတယ် ဆိုတာကို အမေရိကန် သုတေသီ တွေက သက်သေပြ ခဲ့တာပါ။ ဘော့စ်တွန် အမျိုးသမီး ဆေးရုံမှ ကျွမ်းကျင် ပညာရှင်တွေဟာ လူအယောက် ၄၀၀၀ ကို ဆယ်စုနှစ် တစ်စုကျော် လေ့လာ စမ်းသပ်ခဲ့ တာပဲဖြစ် ပါတယ်။

တစ်ညကို ၅နာရီအောက် အိပ်တဲ့ သူတွေအနေနဲ့ တစ်ည ၈ နာရီကျော် အိပ်စက်တဲ့ သူတွေနဲ့ ယှဉ်ရင် ကျောက်ကပ် လုပ်ဆောင်မှုတွေဟာ ၆၅ ရာခိုင်နှုန်းပိုပြီး ခပ်မြန်မြန် ကျဆင်း လာပါတယ်။

ဒီလေ့လာ တွေ့ရှိချက် တွေကို ဆန်ဒီရေးဂိုး မှာပြုလုပ်ခဲ့တဲ့ ဆေးပညာ အစည်း အဝေးမှာ တင်ပြ ခဲ့ပါတယ်။

ကျွန်တော်တို့ လူသုံးယောက်မှာ တစ်ယောက်နှုန်းဟာ စိတ်ဖိစီးမှု၊ ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ အလုပ်ချိန် များတာတွေကြောင့် ကောင်းကောင်း အိပ်မပျော် တာကို ခံစားနေ ကြရပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_44.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment