ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, November 24, 2015

သစ်ကြားသီးက ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးရောဂါကို တားဆီးပေးနိုင်




တစ်နေ့ကို သစ်ကြားသီး လက်နှစ်ဆုပ်စာ စားခြင်းက နှလုံး ရောဂါကို သက်သာစေပြီး ကိုလက်စထရောကို လျှော့ချ ပေးတယ်လို့ လေ့လာမှု အသစ် တစ်ရပ်က ထုတ်ဖော် ခဲ့ပါတယ်။

ဒီအခွံမာ သီးဟာ ကိုယ်ထဲမှာ ရှိတဲ့ ကိုလက်စထရော ပမာဏ အားလုံးကို လျှော့ချပေးတဲ့ အတွက် သစ်ကြားသီး စားတဲ့ လူတစ်ယောက်ဟာ နှလုံး တိုက်ခိုက်မှုကို ခံစားရဖို့ အခွင့်အလမ်း နည်းသွား ပါတယ်။

အစာပြေစားလို့ရတဲ့ သစ်ကြားသီးမှာ အစာကြေလွယ်တဲ့ အဆီဓာတ်၊ ပရိုတိန်း၊ ဗီတာမင်နှင့် သတ္တုဓာတ် စတဲ့ အရေးကြီး အာဟာရတွေ ပါရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

"သစ်ကြားသီးလိုမျိုး အခွံမာသီးတွေဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို လျှော့ချပေးနိုင်တယ်ဆိုတဲ့ သုတေသနရပ်ကို နောက်ထပ် အထောက်အကူဖြစ်စေတဲ့ ရလဒ်တွေ ကျွန်တော်တို့ လေ့လာမှုမှာရှိပါတယ်။" လို့ Live Sciences Research Organisation မှ စာရေးဆရာတစ်ဦးဖြစ်သူ ဒေါက်တာ Michael Falk က ပြောခဲ့ပါတယ်။

အခွံမာသီးတွေဟာ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ညွှန်းကိန်းတွေကို လျှော့ချပေးနိုင်ကြောင်း သက်သေပြနိုင်ဖို့ကို ဆယ်စုနှစ် နှစ်စုကြာ လေ့လာမှုနဲ့အတူ ဆောင်းပါးပေါင်း ၁၃၀၁ခုကို ပြန်လည်လေ့လာခဲ့တယ်လို့ သိရပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_52.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment