ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 26, 2015

အသက်ကြီးရင် ရောဂါ မကြီးအောင် တစ်လလောက် အရက်နားသင့်




အသက်ကြီးလာရင် ဆိုးဆိုးရွားရွား နေထိုင်မကောင်း မဖြစ်စေဖို့ အရက်သောက်သူတွေ အနေနဲ့ တစ်လလောက် နားသင့်တယ်လို့ ဆရာဝန်တွေက သတိပေးပြောကြားခဲ့ပါတယ်။

အရက်ရှောင်ခြင်းဟာ အသည်းနဲ့ သွေးပေါင်ချိန်ကျမှုကို ကုသပေးပြီး သွေးတွင်းအဆီဓာတ်ကိုလည်း လျှော့ချပေးပါတယ်။ လေးပတ်တာ အရက်နားတဲ့ လူတွေဟာ ကင်ဆာနဲ့ ဆီးချို ဖြစ်နိုင်ခြေ နည်းသွားတယ်လို့ ဆရာဝန်တွေက သူတို့ရဲ့ ဗြိတိန်သုတေသနရပ်ကို ချပြခဲ့ပါတယ်။

ဒီလေ့လာမှုဟာ တော်ဝင်အခမဲ့ ဆေးရုံကနေ ဒုတိယအကြိမ် လေ့လာမှုပြုခဲ့တာ ဖြစ်ပြီး အရက်ရှောင်ခြင်းရဲ့ ကြီးမားတဲ့အကျိုးရလဒ်တွေကို ဖော်ထုတ်ပြသဖို့အတွက် ပဲဖြစ်ပါတယ်။

“ရလဒ်တွေက တကယ်ကောင်းတယ်နော်။ အသည်းအဆီက ၄၀ရာခိုင်နှုန်း လျော့ကျသွားတယ်။ ကိုယ်အလေးချိန်လည်း ၃ကီလိုဂရမ် လျော့ပြီး သွေးတွင်းအဆီဓာတ် ပမာဏလည်း တိုးတက်ကောင်းမွန်လာတယ်။” လို့ လေ့လာမှုမှာပါဝင်ခဲ့တဲ့ ပါမောက္ခ Kevin Moore ကပြောခဲ့ပါတယ်။

ဒုတိယအကြိမ် လေ့လာမှုအနေနဲ့ ကျန်းမာတဲ့ အမျိုးသမီး၊ အမျိုးသား ဦးရေ ၁၀၂ယောက်ကို တစ်ယောက်နဲ့တစ်ဦး နှိုင်းယှဉ် လေ့လာမှုတွေပြုခဲ့တာပါ။

“အထောက်အထားကောင်းအနေနဲ့ ရိုးရှင်းတဲ့ အပြုအမူပိုင်း ပြောင်းလဲမှုကို ပေးစွမ်းပါတယ်။ သင့်အသည်း ကျန်းမာရေးအတွက်ကို ခြားနားတဲ့ ပြောင်းလဲမှုတွေရှိလာမှာပါ။” လို့ Liver Trust မှ Andrew Langdu ပြောခဲ့ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_32.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment