ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 18, 2015

မျက်ကပ်မှန်တွေဟာ မျက်လုံးထဲကို ရောဂါပိုးမွှားတွေ ပိုမိုဝင်ရောက်စေနိုင်




မျက်ကပ် မှန်တွေဟာ အရေပြား ပေါ်မှာရှိတဲ့ ရောဂါ ပိုးမွှား တွေကို မျက်စိထဲ ရောက်အောင် ပို့ဆောင် ပေးနေ တယ်လို့ သုတေသန အသစ် တစ်ခုက ပြသ လိုက်ပါတယ်။

မျက်ကပ် မှန်တွေဟာ မျက်လုံးမှာ မတပ်ဆင် ခင်ကတည်းက ဘက်တီးရီးယား တွေကို သယ်ဆောင် ထားပြီး မျက်လုံးမှာ တပ်ဆင်လိုက်တဲ့ အခါမှာ ဘက်တီးရီးယား တွေကို မျက်လုံး အတွင်း သို့ ၀င်ရောက်စေကာ ကူးစက်ရောဂါ တွေကို စတင် ဖြစ်ပေါ် စေပါတယ်။

သုတေသီတွေဟာ မျက်ကပ်မှန် ၀တ်ဆင်သူ ၉ ယောက်နဲ့ မျက်ကပ်မှန် မတပ်ဆင်သူ ၁၁ ယောက် တို့ရဲ့ မျက်လုံး အစိတ်အပိုင်းပေါင်း ၁၀၀ ကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ အခါမှာ မျက်ကြာ်လွှာ ရဲ့ အစိတ်အပိုင်း အသီးသီးမှာ အရေးပြားမှာထက်ပိုများတဲ့ ဘက်တီးရီးယား တွေ ကပ်တွယ်နေတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Methylobacterium ၊ Lactobacillus ၊ Acinetobacter နဲ့ Pseudomonas စတဲ့ ဘက်တီးရီးယားတွေဟာ မျက်ကပ်မှန် ၀တ်ဆင်သူတွေရဲ့ မျက်လုံးမှာ ကပ်တွယ်နေခဲ့တာပဲ ဖြစ်ပါတယ်။

မျက်ကပ်မှန် တပ်ဆင်သူတွေရဲ့ မျက်လုံးမှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယား တွေရဲ့ ဖွဲ့စည်းပုံ မျိုးတွေကို မျက်လုံးတွေမှာထက် အရေပြားတွေမှာ တွေ့ရတာ ပိုများ တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ထို သုတေသန ကို ဦးဆောင်ခဲ့တဲ့ နယူးယော့ခ် ကျန်းမာရေး စင်တာက ဒေါက်တာ Maria Gloria Dominguez-Bello ကတော့ မျက်လုံးမှာ မျက်ကပ်မှန် တပ်ဆင်တာဟာ သာမာန် လုပ်ရပ်တစ်ခုမဟုတ်ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် အခုပြုလုပ်ခဲ့တဲ့ သုတေသန ကနေ မျက်ကပ်မှန်တပ်ဆင်သူတွေဟာ မျက်ကပ်မှန်မတပ်ဆင်သူတွေထက် ဘာကြောင့် ကူးစက်ရောဂါ ဖြစ်ပွားနှုန်း ပိုများရတာလဲ ဆိုတဲ့ နှစ်ပေါင်း ရှည်ကြာ ပြသနာ ကြီးကို နားလည် သွားစေ ခဲ့ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/10/blog-post_99.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment