အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့က နီဟဲဘစ်တလာဟာ အသက် ၁၄ နှစ်ရှိနေပြီ ဖြစ်ပေမယ့် ရှားပါးရောဂါ တမျိုးကြောင့် ကိုယ်အလေးချိန်ဟာ ၂ စတုံအောက်(၁၂ ဒဿမ ၅ ကီလိုဂရမ်)နဲ့ အရပ်အမြင့် ၄ ပေအောက်(၁ ဒဿမ ၂ မီတာ) သာရှိပါတယ်။
သူဟာ Hutchinson-Gilford Progeria Syndrome (HGPS) အမည်ရတဲ့ မျိုးဗီဇ နဲ့ ဆိုင်တဲ့ ရောဂါတမျိုးကြောင့် ရှိရင်းစွဲအသက်ထက် ၈ နှစ်စာ ပိုမိုရင့်ရော်နေတာလို့ မေးလ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။
တခြားသော ၁၄ နှစ်အရွယ်ကလေးတွေ လိုပဲ သူဟာ ကွန်ပြူတာ ဂိမ်းဆော့တာကို နှစ်သက်ပြီး တောက်ပတဲ့ မျက်လုံးနဲ့ ဖြူစင်တဲ့ ကလေးတယောက်ဖြစ်ပေမယ့် သူ့ခန္ဓာ ကိုယ်ကတော့ အရွယ်ရောက် ပြီးတဲ့ လူကြီးတယောက်လို တွ့န်နေတဲ့ အရေခွံ၊ ဆံပင်မရှိတဲ့ ဦးခေါင်းနဲ့ ခြောက်သွေ့တဲ့ ခြေလက်တွေနဲ့ ဖြစ်နေတာပါ။
သူ့ဘ၀မှာ အဖြစ်ချင်ဆုံးဆန္ဒ ၃ ခုက ဂျပန်နိုင်ငံ၊ ဟွန်ဒါကုမ္ပဏီက ထုတ်လုပ်တဲ့ အက်ဆီမိုရိုဘော့နဲ့ တွေ့ဆုံဖို့၊ ကယ်လီဖိုးနီးယားက ဒစ္စနေးဥယျာဉ်ကို သွားဖို့နဲ့ နောက် ထပ်လျှို့ဝှက်ထားတဲ့ အရာတခု ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ဖခင်ဖြစ်သူက “အချိန်ဘယ်လောက်ပဲ ကျန်သည်ဖြစ်စေ ကျနော့်သားအတွက် ခုချက်ချင်းကို ဖြည့်ဆည်း ပေးချင်ပါတယ်”လို့ ပြောပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/117202
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment