ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

ခြေထောက် လှုပ်တတ်တဲ့ ရောဂါ လက္ခဏာဟာ နှလုံးနဲ့ ကျောက်ကပ်ဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်နေ




လေ့လာတွေ့ရှိချက် အသစ်အရ ခြေထောက် လှုပ်တတ်တဲ့ ရောဂါ လက္ခဏာ (Restless leg syndrome – RLS) ရှိသူ လူနာ တွေမှာ နှလုံးရောဂါ၊ နှလုံးနဲ့ ကျောက်ကပ် ဆိုင်ရာ ရောဂါတွေ ဖြစ်ပွားနိုင်ချေ မြင့်မားကြောင့် ခိုင်မာတဲ့ အထောက် အထားတွေ တွေ့ရှိခဲ့ ရပါတယ်။

လေ့လာ သူတွေဟာ ခြေထောက် လှုပ်တတ်တဲ့ ရောဂါ လက္ခဏာ ရှိသူ အမျိုးသား အမျိုးသမီးပေါင်း ၃၇၀၀ ကို ရွေးချယ် စစ်ဆေး ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ အုပ်စု၂ ခု ခွဲလေ့လာ ရာမှာ ခြေထောက် လှုပ်တတ်တဲ့ ရောဂါ လက္ခဏာ ရှိသူတွေဟာ မရှိသူ တွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်မှုနှုန်း ၄ဆ ပိုမိုမြင့်မား တာကို တွေ့ရှိ ရပါတယ်။

ခြေထောက် လှုပ်တတ်တဲ့ ရောဂါ လက္ခဏာဟာ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကို အနှောက် အယှက်ပေး နိုင်ပါတယ်။

လေ့လာမှု တွေက RLS နဲ့ နှလုံး ကျောက်ကပ် ဆိုင်ရာ ရောဂါတွေ အကြား ဘယ်လို ဆက်စပ်နေ တယ် ဆိုတာကို ရှင်းလင်း မပြထား ပေမယ့် လေ့လာ သူတွေက အိပ်မပျော်ခြင်းနဲ့ ဆက်စပ်တဲ့ ကျန်းမာရေး ပြဿနာ တွေဖြစ်တဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ စတာတွေနဲ့ ဆက်စပ် ထောက်ပြ ခဲ့တာ ဖြစ်ပါတယ်။

( Michelle )

သစ်ထူးလွင်(ကျန်းမာရေး)

Original link - http://health.thithtoolwin.com/2015/10/blog-post_64.html


No comments:

Post a Comment