ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

ပုံမှန် ချစ်တင်းနှောခြင်းက ခုခံအားစနစ်ကို ပြောင်းလဲ ပေးခြင်းကြောင့် ကိုယ်ဝန်ရနိုင်ခြေ များစေနိုင်




မျိုးပွားနိုင်ရေး အတွက် အမျိုး သမီးရဲ့ ရာသီ စက်ဝန်းနဲ့ ချိန်ကိုက်ပြီး ဖြစ်စေ စုံတွဲတွေဟာ ရင်သွေးလေး ရရှိဖို့ အတွက် ကြိမ်ဖန် များစွာ ကြိုးစား ကြသော်လည်း ဒါဟာ ကိုယ်ဝန်
ဆောင်နိုင်ဖို့ အခွင့်အရေး ရှိနိုင်အောင် ဘယ်လို ကူညီပေးနေ တယ်ဆိုတာ မသိရှိ ကြသေးပါဘူး။

လိင်ဆက်ဆံခြင်းက အမျိုးသမီး တစ်ဦးရဲ့ ခန္ဓာကိုယ် အတွင်းရှိ ခုခံအား စနစ် ကို ကိုယ်ဝန် ဆောင်နိုင်မှု အခြေအနေ အတွက် ပြုပြင် ပေးနိုင်တယ်လို့ လေ့လာ တွေ့ရှိချက် အသစ်တွေ အရ သိရ ပါတယ်။ ဒီလေ့လာချက် တွေဟာ ကိုယ်ဝန်ဆောင်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ် တွေကို ပိုမို သိရှိနိုင်ခြင်း သာမက လေ့လာ သူတွေ အနေနဲ့လည်း autoimmunity disorders ကို ကုသ ရာမှာလည်း အသုံးဝင် လာမယ်လို့ ဆိုပါတယ်။

Indiana University ရှိ Kinsey Institute မှ သိပ္ပံပညာရှင် Tierney Lorenz က “ ကလေးလိုချင်ကြတဲ့ စုံတွဲတွေကို အမျိုးသမီးရဲ့ ကိုယ်ဝန် ဆောင်နိုင်စွမ်း တိုးတက်ပြောင်းလဲ
နိုင်ဖို့အတွက် သားဥ မကြွေခင်လည်း ပုံမှန် ဆက်ဆံ မှုတွေ ပြုလုပ်ဖို့ အကြံဥာဏ် ပေးတာ ပုံမှန်လို ဖြစ်နေ ခဲ့တာပါ။ ဒါပေမယ့် ဒါဟာဘယ်လို အလုပ် လုပ်တယ် ဆိုတာ အတိအကျ မသိခဲ့ပါဘူး။ ဒီလေ့လာ တွေ့ရှိ ချက်က လိင်ဆက်ဆံခြင်းဟာ ခန္ဓာကိုယ်တွင်း ထောက်ပံ့မှု ပေးနိုင်တဲ့ Immunity ကို ပိုမိုတိုးပွား စေတယ် ဆိုတာကို ပထမဆုံး ပြသပေး သွားတာ ဖြစ်ပါတယ်” လို့ ရှင်းလင်း ပြောပြ ထားပါတယ်။

လေ့လာသူတွေဟာ အမျိုးသမီး ၃၀ မှာ တစ်ဝက်စီကို လိင်ပိုင်းဆိုင်ရာ တက်ကြွစေပြီး တစ်ဝက်ကိုတော့ ပုံမှန်အတိုင်း ထားရှိ လေ့လာ ခဲ့ကြပါတယ်။ အကူ အညီပေးတဲ့ T ဆဲလ်တွေနဲ့ Antibodies အဆင့်တွေဟာ အုပ်စု၂ခုမှာရှိတဲ့ အမျိုးသမီးတွေမှာ မတူညီ တာကို တွေ့ရှိရ ပါတယ်။

လိင်ပိုင်းဆိုင်ရာ တက်ကြွတဲ့ အမျိုးသမီးတွေမှာ ရာသီစက်ဝန်း အတွင်းမှာ ကိုယ်ဝန် ရနိုင်ခြင်းကို ကာကွယ် စွမ်းအားပြည့်ဝတဲ့ ဆဲလ်များ ပါဝင်မှု မြင့်မား နေတာကို တွေ့ရှိရ ပါတယ်။ အခြား အမျိုးသမီးတွေ မှာတော့ ဒီလို ကာကွယ် စွမ်းအားတွေ ပြောင်းလဲခြင်း မရှိဘူးလို့ ဆိုပါတယ်။

"လူမှုရေးဆိုင်ရာ အပြုအမူ တစ်ခုဖြစ်တဲ့ လိင်ဆက်ဆံ ခြင်းဟာ ကာကွယ် စွမ်းအား စနစ်အပေါ် သက်ရောက်မှု ရှိကြောင်း ကျွန်တော်တို့ အမှန်တကယ် တွေ့ရှိခဲ့ ကြပါတယ်။ လိင်ပိုင်း ဆိုင်ရာ တက်ကြွမှု ရှိတဲ့ အမျိုးသမီး တွေရဲ့ immune systems ဟာ ကိုယ်ဝန် ဆောင်နိုင်ခြေကို နည်းပါးစေဖို့ ပိုပြီး ပြုပြင် ပေးနိုင်ပါတယ်” လို့ Lorenz က ဆိုပါတယ်။

( Michelle )

သစ်ထူးလွင်(ကျန်းမာရေး)

Original link - http://health.thithtoolwin.com/2015/10/blog-post_67.html


No comments:

Post a Comment