ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 25, 2015

တီဗွီကြော်ငြာတွေဟာ အသက်မပြည့်သေး သူတွေကို အရက်သောက်တတ်အောင် သင်ပေးနေ




အသက်မပြည့်သေးပဲ အရက်သောက် သုံးသူတွေဟာ အရက်တွေရဲ့ တီဗွီကြော်ငြာ တွေကို ကြည့်ပြီး တဲ့နောက်မှာ အရက် ၀ယ်သောက်ဖို့ ၅ ဆ တိတိ အခွင့်အလမ်း ပိုများ သွားစေ တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြ လိုက်ပါတယ်။

သုတေသီတွေဟာ အသက် ၁၈ နှစ် မပြည့်သေးသူတွေ တယ်လီဗေးရှင်းမှာ ဘာကိုတွေ့လည်းဆိုတာနဲ့ သူတို့ အရက်ဘယ်လိုသောက်လဲဆိုတာ ကြားထဲက ခိုင်မာတဲ့ ပတ်သက်ဆက်နွယ်နေမှုကို လေ့လာခဲ့ကြပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက်တွေဟာ မဂ္ဂဇင်းကြော်ငြာတွေရဲ့ လွှမ်းမိုးမှုကိုလည်း ခံနေရပြီး သူတို့ဟာ မဂ္ဂဇင်းကြော်ငြာ ကို ဖတ်ရှုပြီးနောက်မှာလည်း ၃၆ ရာခိုင်နှုန်းခန့် အရက်ပိုသောက်တတ်လာတာကိုတွေ့ရပြန်ပါတယ်။

ဘော်စတွန် တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုဟာ ဈေးကွက်လေ့လာသူ Nielsen ရဲ့ အကူအညီနဲ့ ကြော်ငြာ အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။ ပြီးတော့ အသက် မပြည့်သေးတဲ့ ကလေးတွေဟာ ၂၀၁၁ ခုနှစ် ကနေ ၂၀၁၂ ခုနှစ်အတွင်း မတူညီတဲ့ အမှတ်တံဆိပ်တွေရဲ့ ကြော်ငြာတွေကို ဘယ်လို စိတ်ဝင်စားကြတယ်ဆိုတာတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

အမျိုးသား အချက်အလက် ဆိုင်ရာ ရုံးခန်း ကနေပြသခဲ့တာကတော့ ပြီးခဲ့တဲ့ နှစ်တုန်းက အသက် ၁၁ နှစ်ကနေ ၁၅ နှစ်ကြား လူငယ်တွေရဲ့ ၄၃ ရာခိုင်နှုန်းခန့်ဟာ အနည်းဆုံး တစ်ကြိမ်တော့ အရက်သောက်ခဲ့ကြတာကို တွေ့ရှိခဲ့ကြပါတယ်။ ထို ကိန်းဂဏန်း အချက်အလက်တွေဟာ နှစ်စဉ်နှစ်တိုင်း တိုးလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာတော့ အသက် ၁၅ နှစ်အရွယ် လူငယ် ၇၄ ရာခိုင်နှုန်းဟာ အရက် တစ်ခါတော့ သောက်ခဲ့ကြတယ်ဆိုတာကို ၀န်ခံထားပါတယ်။

ဒီလေ့လာမှုတွေကိုတော့ Drug and Alcohol Abuse ဆိုတဲ့ အမေရိကန် ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/10/blog-post_94.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment