ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 6, 2015

ဆယ်ကျော်သက်မှာ အိပ်ရေးပျက်ခြင်းက အရွယ်ရောက် သွားချိန်မှာ ကိုယ်အလေးချိန် တိုးမှုကို ပိုမို အားပေး




အိပ်စက်တဲ့ အကြောင်းတွေကို သီးခြား တင်ပြလေ့ ရှိတဲ့ Sleep ဂျာနယ်ရဲ့ အဆိုအရ ဆယ်ကျော်သက် အရွယ်နဲ့ အရွယ်ရောက် ပြီးချိန်မှာ ပုံမှန် အိပ်ချိန်ထက် နောက်ကျပြီး အိပ်ရင် အရွယ်ရောက် သွားချိန်မှာ အလေးချိန် တိုးနိုင်ချေ ပိုမို များပြားတယ်လို့ သိရပါတယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်က ဦးဆောင် လေ့လာသူ Lauren Asarnow က သူ့ရဲ့ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ လေ့လာမှုကို ပြုလုပ်ချိန် မှာပဲ အခုလို တွေ့ရှိ လိုက်ရတာပါ။

ဆယ်ကျော်သက် တွေဟာ တစ်နေ့ကို အိပ်ချိန် ရှစ်နာရီလောက် အနည်းဆုံး အိပ်စက် သင့်တယ်လို့ သိရပါတယ်။ အရွယ်ရောက် ပြီးသူတွေ ကတော့ ခုနစ်နာရီဆို လုံလောက် တယ်လို့ ဆိုပါတယ်။

အိပ်ရေးပျက် ခြင်းဟာ အအေးမိ ရောဂါနဲ့ နှလုံးရောဂါ တွေကို ဖြစ်နိုင်ခြေ ပိုများတယ်လို့ အားလုံးက သိကြပါတယ်။ ဒီလို အိပ်ရေးပျက် ခြင်းဟာ လူကို အခုလို ရောဂါတွေ ဖြစ်စေတဲ့ အပြင် ကိုယ်အလေးချိန် တိုးလာမှု ကိုလည်း မြင့်တက်စေ တယ်လို့ သိရပါတယ်။

ဒီလို အကြောင်း အရာကို သိရဖို့ အတွက် ကျောင်းသား သုံးထောင်ကျော်ကို ငါးနှစ်ကြာ လေ့လာမှုတွေ ပြုလုပ်ပြီး အတည်ပြု ခဲ့တာပါ။

သူတို့ဟာ ဆယ်ကျော်သက် ဘဝကနေ အရွယ်ရောက်တဲ့ ဘဝကို ကူးပြောင်းတဲ့ အချိန်မှာ မိမိတို့ အိပ်ချိန်ပေါ် မူတည်ပြီး အလေးချိန် ပြောင်းလဲမှုကို report တွေ ရေးခဲ့ ကြတာပါ။

လူငယ် အများစုဟာ မိုဘိုင်းဖုန်းနဲ့ ဂိမ်းတွေကြောင့် အိပ်ရေး ပျက်နေ ရတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဟာ အိပ်ရေးပျက်တဲ့ ညတွေမှာ စားစရာ တစ်ခုခုကို စားသုံးပြီးမှ အိပ်စက် တတ်ကြ တာကြောင့် အလေးချိန် တိုးလာရပြီး နေ့ဘက် တွေမှာလည်း အိပ်မငိုက် ရအောင် ကယ်လိုရီိ ကြွယ်ဝတဲ့ စားစရာတွေကို စားသုံး တတ်ကြ တာကြောင့်လို့ သိရပါတယ်။

ဒါကြောင့် မိမိတို့ ကိုယ် အလေးချိန်ကို ထိန်းနိုင်ဖို့ ခက်ခဲ သွားတတ် ကြပြီး အလေးချိန် တိုးမှန်း မသိ တိုးလာတယ်လို့ သိရပါတယ်။

ဒါတွေဟာ ဆယ်ကျော်သက် အရွယ်မှာ မသိသာပေမယ့် အရွယ်ရောက် ချိန်ကျရင် ပြင်မရတဲ့ အမှားကြီး တစ်ခုဖြစ်သွား တတ်တယ် လို့လည်း ဆိုထားပါတယ်။

သစ်ထူးလွင်(ကျန်းမာရေး)

Original link - http://health.thithtoolwin.com/2015/10/blog-post_22.html


No comments:

Post a Comment