ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 28, 2015

ဆေးခြောက်သုံးစွဲခြင်းက လေဖြတ် အန္တရာယ် မြင့်တက်စေ




ဆေးခြောက် သောက်ရင် ခေါင်းထဲက သွေးလွှတ်ကြော တွေကို ကျဉ်းသွား စေတဲ့ အတွက် လေဖြတ်မှု အန္တရာယ် များတယ်လို့ သုတေသန ရပ်တစ်ခုက သတိပေး ထားပါတယ်။

လေဖြတ်သူတွေကို လေ့လာကြည့်တဲ့အခါ ဆေးခြောက်သုံးစွဲသူ ၄၅ရာခိုင်နှုန်းရဲ့ ခေါင်းထဲက သွေးကြောတွေမှာ ချေးတွေပိတ်နေတာကို တွေ့ရပါတယ်။ ဆေးခြောက် မသုံးစွဲဘူးဆိုရင်တော့ ၁၄ရာခိုင်နှုန်းပဲ ဖြစ်နိုင်ပါတယ်။

ဆေးခြောက်သုံးစွဲသူတွေဟာ မသုံးစွဲသူတွေထက်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ လေဖြတ်မှုခံစားနေကြရကြောင်း သုတေသနရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာတွေ့ရှိမှုက လေဖြတ်နိုင်မှုအန္တရာယ်တွေကို သိရှိပြီး တားဆီးနိုင်စေဖို့ရာ သုတေသီတွေကို အကူအညီ ဖြစ်စေခဲ့ပါတယ်။ လေ့လာမှုကို Strasbourg တက္ကသိုလ်ဆေးရုံကနေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
(Ischemic stroke) သွေးကြောပိတ်၍လေဖြတ်မှုဟာ ဦးနှောက်ထဲက သွေးစီးဆင်းမှုကို နှောက်ယှက်ပြီး လျော့ကျစေလို့ ဖြစ်ပါတယ်။ ဦးနှောက်ထဲက သွေးကြောမှာ သွေးယိုစိမ့်ပြီး လေဖြတ်တဲ့ Haemorrhagic stroke နဲ့ ဆန့်ကျင်ဘက်ပါ။

ဆေးခြောက်အသုံးပြုသူဟာ ပိုငယ်လေ၊ ယောကျာ်းလေးဖြစ်လေ၊ ဆေးလိပ်သောက်လေ၊ အသက်အန္တရာယ်ရှိလေ ဖြစ်တယ်လို့ သုတေသနရပ်က တွေ့ရှိခဲ့ပါတယ်။

Ref: Daily Mail

Original link -http://health.thithtoolwin.com/2015/10/blog-post_37.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment