ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 28, 2015

စိတ်ဖိစီးမှုတွေက သင့်ကို ရုပ်ဆိုးစေ




စိတ်ဖိစီးမှုတွေက သင့်မျက်နှာ ကျန်းမာရေးကို ထိခိုက်စေပြီး ရုပ်ဆိုး လာစေတယ်လို့ သုတေသန တစ်ခုက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ စိတ်ဖိစီးမှု နည်းလာတာနဲ့ အမျှ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ကိုယ့်ရဲ့ ချစ်သူ အပေါ်ကို စွဲဆောင်မှု ပိုရှိလာကြတယ်လို့ ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာ ညစ်ညူးမှုတွေဟာ ရုပ်သွင်ပြင်ကို ဘယ်လို အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို ဗြိတိန် အမူအကျင့်ဆိုင်ရာ ဂေဟပညာရှင် ဒေါက်တာ Fhionna Moore ကလေ့လာကြည့်ခဲ့ပါတယ်။

ပူပန်သောကဆိုင်ရာ ကော်တီဆုန်းဟော်မုန်းတွေဟာ ကြွက်သားနဲ့ အရိုးကြီးထွားမှုကို နှောင့်ယှက်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ မျောနေတဲ့ ဂလူးကို့စ်ပမာဏကိုလည်း တိုးစေပါတယ်။ ပြီးတော့ စွဲဆောင်မှုအားကို မှေးမှိန်သွားစေပါတယ်။

“အဲ့ဒါက လူတွေကို စိတ်ရဲ့ ကြည့်ရမကောင်း စေဘူး။ ဥပမာ ခက်ခဲတဲ့အချိန်တွေများလာတဲ့ အခါမျိုးမှာ သင့်ကျန်းမာရေးအတွက် သိပ်ကိုဆိုးရွားစေတယ်။ တံတွေးထဲမှာ ကော်တီဆုန်း ဟော်မုန်းများနေတဲ့ သူတွေဟာ ဆွဲဆောင်မှု သိပ်မရှိကြတဲ့အပြင် ကျန်းမာရေးသိပ်မကောင်းဘူးဆိုတာ တွေ့ရတယ်။ ” လို့ Dundee တက္ကသိုလ်မှ စိတ္တဗေဒ ဆရာ ဒေါက်တာ Moore ကပြောသွားပါတယ်။

စိတ်ဖိစီးစရာ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို ပိုဆွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_53.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment