ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

ဘက်တီးရီးယား ကင်းစင်တဲ့ လက်တွေဖြစ်ဖို့ အချိန်ဘယ်လောက်ကြာ ဆေးကြော သင့်သလဲ?




သင့်ရဲ့ လက်တွေ သန့်ရှင်းရဲ့လား? သေချာတာကတော့ သင် အိမ်သာက ထွက်လာတိုင်း လက်ဆေး ပါတယ်။ ဒါပေမယ့်လည်း သင့်လက်တွေကို ဆေးကြောတဲ့ အခါမှာ ဘယ်လောက် ထိရောက်မှု ရှိလဲ ဆိုတာ ကတော့ အရေးကြီး ပါတယ်။

လက်ကိုသန့်ရှင်းစင်ကြယ်အောင် ဆေးကြောဖို့ ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်တွေဟာ ဗိုင်းရပ်စ်တွေနဲ့ ရောဂါပိုးတွေ ကပ်တွယ်နေနိုင်ပြီး ဖျားနာခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်ကို သန့်ရှင်း စင်ကြယ်အောင် ဆေးကြောဖို့ ဟာ အလွန်အရေးပါနေပါတယ်။ ဒါဆို လက်ကို စင်ကြယ်သွားအောင် ဘယ်လို ဆေးရမယ်ဆိုတာကို သုတေသီတွေက ခရမ်းလွန်ရောင်ခြည်ကင်မရာကို သုံးပြီး စမ်းသက်ကြည့်ခဲ့ပါတယ်။

ပထမဆုံး စမ်းသပ်ကြည့်ခဲ့တာကတော့ ရေအောက်မှာ ၃ စက္ကန့်ခန့် လက်ဆေးပြီး ရပ်နားလိုက်တာပါပဲ။ ပြီးရင်တော့ အခြောက်ခံပြီး အ၀တ်သန့်နဲ့ လက်ကိုသုတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ခရမ်းလွန်ရောင်ခြည် ကင်မရာထဲမှာတော့ ဘက်တီးရီးယားကပ်တွယ်နေမှုဟာ လက်ချောင်းတွေရဲ့ ဘေးဘက်နားမှာပဲ ပျောက်ကွယ်သွားပါတယ်။ လက်တစ်ချောင်းလုံးကို စင်ကြယ်သွားအောင် မလုပ်ပေးနိုင်ပါဘူး။

နောက်တစ်ခေါက်မှာတော့ လက်ကို ဆပ်ပြာ မတိုက်ပဲ ရေနဲ့ပဲ ၆ စက္ကန့်ခန့်ဆေးကြောကြည့်လိုက်ပါတယ်။ ဒီလိုဆေးကြောတာဟာ ပထမစမ်းသပ်တဲ့ နည်းထက်စာရင်တော့ ထိရောက်မှုရှိပါတယ်။ ဒါပေမယ့်လည်း လက်ပေါ်မှာ ကပ်တွယ်နေတဲ့ ဘက်တီးရီးယား အားလုံးတော့ ပျောက်ကွယ် မသွားနိုင်ဘူး ဆိုတာ ခရမ်းလွန်ရောင်ခြည် ကင်မရာက ပြသခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ကို ဆပ်ပြာတိုက်ပြီး ၆ စက္ကန့်ခန့် ဆေးကြောလိုက်တဲ့အခါမှာတော့ ဆပ်ပြာမတိုက်တာထက်စာရင် သိသိသာသာ ဘက်တီးရီးယားတွေ ကင်းစင်သွားတာကို ခရမ်းလွန်ရောင်ခြည် ကင်မရာ မှာ မြင်တွေ့လိုက်ရပါတယ်။ သုတေသီတွေရဲ့ ပြောကြားချက်အရတော့ ဆပ်ပြာ တိုက်ခြင်းက ဘက်တီးရီးယားတွေကို သတ်ပစ်လိုက်နိုင်တာမဟုတ်ပါဘူး။ ဒါပေမယ့် ဘက်တီးရီးယား အများစုကိုတော့ ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။

အကောင်းဆုံး နည်းလမ်းကတော့ ဆပ်ပြာတိုက်ပြီး ၁၅ စက္ကန့်ခန့် လက်ကို ဆေးကြောသင့်ပါတယ်။ အဲဒီအခါမှာတော့ ခရမ်းလွန်ရောင်ခြည် ကင်မရာ မှာ လက်ဟာ ရာနှုန်းပြည့်နီးပါး သိသိသာသာ ဘက်တီးရီးယား ကင်းစင်သွားတာကို တွေ့ရပါတယ်။ မီချီဂန် တက္ကသိုလ်က သုတေသီတွေ အကြံပေး ခဲ့တာကတော့ ၁၅ စက္ကန့်ဟာ အသင့်တော်ဆုံးပါ။ စက္ကန့် ၃၀ ကြာလက်ဆေးပြီး စမ်းသပ်ကြည့်တဲ့အခါမှာတော့ ခရမ်းလွန်ရောင်ခြည် ကင်မရာ ထဲမှာ ၁၅ စက္ကန့် ဆေးကြောခြင်းနဲ့ မကွာခြား တာကိုတွေ့ရပါတယ်။

သိရှိဖို့ ကျန်နေတာတစ်ခုက လက်ကို စင်ကြယ်အောင်ဆေးကြောပြီး ရင် အ၀တ်ခြောက်နဲ့ သုတ် ရမလား ၊ Dryer အသုံးပြုရမလားဆိုတာပါ။ သေချာတာကတော့ ရေစိုနေတဲ့အတိုင်းလက်ကို ထားလို့မရပါဘူး။

ရေစိုနေတဲ့ လက်တွေဟာ ၈၅ ရာခိုင်နှုန်း အနုဇီဝ ပိုးမွှားတွေတွယ်ကပ်နေပြီး ခြောက်သွေ့နေတဲ့ လက်တွေကတော့ ၀.၀၆ ရာခိုင်နှုန်းသာ ကပ်တွယ်နေတာကြောင့် လက်ကို သေချာပေါက် အခြောက်ခံဖို့လိုအပ်နေပါပြီ။ အကောင်းဆုံး ကတော့ အ၀တ်ခြောက်နဲ့သုတ်လိုက်တာပါ။ အ၀တ်ခြောက်နဲ့ စိုစွတ်နေတဲ့လက်ကို သုတ်လိုက်ခြင်းအားဖြင့် လက်ဆေး စဉ်က မကုန်စင်သွားပဲ ကပ်တွယ်ကျန်ရစ်နေတဲ့ ဘက်တီးရီးယားတွေကို အပြီးသတ်ဖယ်ရှားလိုက်နိုင်ပါတယ်။

အလိုလျောက် အခြောက်ခံတဲ့ စက်တွေကတော့ ဘက်တီးရီးယား ထပ်မံ ကပ်တွယ်နိုင်မယ့် အခွင့်အရေးနည်းသွားစေပေမယ့်လည်း လက်ကို ခြောက်သွေ့သွားစေတဲ့အပိုင်းမှာ ကြာရှည်နေတာကြောင့် စိတ်မရှည်တဲ့သူတွေဟာ မိမိ အ၀တ်နဲ့ အနည်းငယ်စိုစွတ်မှုကို သုတ်လိုက်ပါတယ်။ အဲဒီအခါမှာလည်း လက်မှာ ဘက်တီးရီးယားတွေက ပြန်ကပ်လာပြန်ရော။

ဒါကြောင့် သုတေသီတွေရဲ့ အကြံပေးချက်အရ လက်ကို ၁၅ စက္ကန့်ခန့်ဆပ်ပြာနဲ့ဆေးကြောပြီး အ၀တ်ခြောက်နဲ့ သုတ်တာဟာ ဘက်တီးရီးယား ကင်းစင်တဲ့လက်ဖြစ်လာစေမှာပါ။ ဒါ့အပြင် ၁၅ စက္ကန့်လက်ဆေးတာကို သိရှိနိုင်ရင် "Happy Birthday" မွေးနေ့ဆုတောင်း သီချင်းကို ၂ ကြိမ် ရွတ်ဆိုပေးပါလို့လည်း သုတေသီတွေက အကြံပေးထားကြပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_62.html


No comments:

Post a Comment