ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

သောကပွေနေတဲ့ မိဘတွေရဲ့ ကလေးတွေဟာ အကြမ်းဖက် ဂိမ်းတွေကို ပိုနှစ်သက်




သောကပွေ နေတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အကြမ်းဖက် ဗီဒီယို ဂိမ်းတွေ ကစားရတာ ပိုကြိုက် ကြတယ်လို့ သုတေသန သစ်တစ်ရပ် အရ သိရ ပါတယ်။

ဒီသုတေသန ရပ်ကို Consumer Affairs ဂျာနယ်မှာ ပုံနှိပ် ထုတ်ဝေ ခဲ့တာဖြစ်ပြီး ကလေးတွေ အကြမ်းဖက် ဂိမ်းကစားတာကို ပိုနွေးထွေး တာပဲဖြစ်ဖြစ်၊ တားမြစ်တာပဲဖြစ်ဖြစ် လုပ်တဲ့မိဘတွေ ထိန်းချုပ်ကန့်သတ်တာ ပိုအောင်မြင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ အလွန်အမင်းသောကတက်နေတဲ့ မိဘတွေကတော့ ကလေးတွေရဲ့ အကြမ်းဖက်ဂိမ်းကစားမှုကို ထိန်းသိမ်းနိုင်စွမ်းမရှိဘူးလို့ သိရပါတယ်။

အမေရိကန်နိုင်ငံ၊ Iowa ပြည်နယ်တက္ကသိုလ်မှ ဈေးကွက်ဖြန့်ချိရေးပါမောက္ခ Russell က အကြမ်းဖက်ဗီဒီယိုဂိမ်းတွေရဲ့ ထိခိုက်စေတဲ့ထိရောက်မှုတွေကို ပြောပြပေးခဲ့ပါတယ်။ မိဘတွေက ကလေးငယ်တွေရဲ့ အပြုအမူတွေကို လွှမ်းမိုးမှုရှိတယ်ဆိုတာကို ကောင်းကောင်း နားလည်ထားစေချင်တယ်လို့ လည်း ပြောပါတယ်။

ထိန်းချုပ်ကန့်သတ်တဲ့ မိဘတွေက အိမ်တစ်အိမ်အတွက် ခိုင်မာတဲ့ဥပဒေတွေ ထုတ်ပြန်ပါတယ်။ သောကပွေနေတဲ့ မိဘတွေနဲ့ အချစ်လွန်နေတဲ့ မိဘတွေကတော့ ကလေးတွေနဲ့ဆက်ဆံရင် အစောင့်ရှောက်လွန်နေပြီး စိတ်ခံစားချက်တွေအများကြီး ပြလေ့ရှိပါတယ်။

“ရင်းနှီးမှုရှိတဲ့၊ ထိန်းချုပ်တဲ့ မိဘတွေကို အာဏာရှင်ဆန်တယ်လို့ ဆိုလည်းဆိုပေါ့လေ။ သူတို့က သူတို့ကလေးတွေ အကြမ်းဖက်ဂိမ်းကစားနှုန်းကို လျှော့ချပေးနိုင်တယ်။ မိဘတွေက သောကတက်နေရင် ဒီအကြောင်းအရာက ကလေးတွေဆီကူးစက်သွားပြီး အဲဒီ့အတိုင်း လုပ်ကြည့်ချင်တာတွေ ဖြစ်လာတယ်။ ကလေးတွေ အကြမ်းဖက်ဂိမ်းကစားရင် ဘာတွေဖြစ်လာတယ်ဆိုတာ အရှင်းကြီး။ ဒီအသက်အရွယ်လေးတွေမှာ ကလေးတွေကို အပြင်ဘက်လွှမ်းမိုးမှုတွေက ပိုပြီးထိခိုက်မှုရှိတယ်။” လို့ ပါမောက္ခ Russell ကပြောခဲ့ပါတယ်။

ကလေးတိုင်းကို ဒီလိုသက်ရောက်မှုမျိုးရှိတယ်လို့ သုတေသီတွေက သတ်မှတ်ထားပြီး သားယောကျာ်းလေး (သို့) သားဦးဆိုရင် သက်ရောက်မှုက ပိုကြီးပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_34.html


No comments:

Post a Comment