ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, October 14, 2015

ဆယ်ကျော်သက်တွေ အင်တာနက်သုံးလေ၊ သွေးတိုး အန္တရာယ်များလေ




မကြာသေးမှီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုသစ် တစ်ရပ် အရ၊ အင်တာနက်ကို နာရီပေါင်း များစွာသုံးပြီး အချိန် ကုန်နေတဲ့ ဆယ်ကျော်သက် လူငယ်တွေဟာ သွေးပေါင်ချိန် မြင့်တက်နိုင်မှု အန္တရာယ် ပိုများ တယ်လို့ သိရ ပါတယ်။

တစ်ပတ်ကို အနည်းဆုံး ၁၄နာရီ အင်တာနက် အသုံးပြုတဲ့ ဆယ်ကျော် သက်တွေဟာ သွေးပေါင်ချိန် မြင့်တက်တယ်လို့ Detroit မြို့ရှိ Henry Ford ဆေးရုံမှ သုတေသီတွေက ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ အင်တာနက် အလွန်အကျွံ သုံးတယ်လို့ သုတေသီတွေ ယူဆထားတဲ့ ဆယ်ကျော်သက် ၁၃၄ ယောက်မှာ သွေးတိုးသူ ၂၆ ယောက် ရှိနေ ပါတယ်။

ဒါဟာ အင်တာနက် အသုံးပြုချိန် ပမာဏနဲ့ သွေးပေါင်ချိန် မြင့်တက်မှု ကြားက ဆက်စပ်မှု တစ်ခုကို ပြတဲ့ ပထမဆုံး သုတေသန ရပ်လို့ ယုံကြည် ရပါတယ်။ အင်တာနက် အသုံးပြုမှုနဲ့ အခြားသော ကျန်းမာရေး အန္တရာယ် တွေဖြစ်တဲ့ သောက တက်ခြင်း၊ စိတ်ဓာတ် ကျခြင်း၊ အ၀လွန်ခြင်းနဲ့ လူတွေနဲ့ ကင်းကွာနေခြင်း စတာတွေကြားက ဆက်စပ် မှုတွေကိုလည်း ဆက်လက် လေ့လာမှုတွေ ပြုလုပ် သွားဦးမယ်လို့ သိရပါတယ်။

“အင်တာနက်သုံးတယ်ဆိုတာ ကျွန်တော်တို့နေ့စဉ်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အင်တာနက်က ကိုယ်တွေကို ၀ါးမြိုသွားတာမျိုး မဖြစ်သင့်ဘူး။ တစ်ပတ်ကို အင်တာနက် ၂၅နာရီလောက်အသုံးပြုရင် အင်တာနက်အလွန်အကျွံ သုံးသူလို့ ကျွန်တော်တို့လေ့လာမှုမှာ သတ်မှတ်ထားပါတယ်။” လို့ ဦးဆောင်သုတေသီ Andrea Cassidy-Bushrow ကပြောခဲ့ပါတယ်။

လူငယ်တွေအနေနဲ့ အင်တာနက်သုံးရင် အချိန်တစ်ခုရောက်တာနဲ့ ပုံမှန်အနားပေးဖို့ အရေးကြီးပြီး ကိုယ်ကာယလေ့ကျင့်ခန်း တစ်မျိုးမျိုးလုပ်ကြည့်သင့်ကြောင်း၊ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီး အင်တာနက်သုံးတာကို အချိန်နဲ့ကန့်သတ်ပေးဖို့ အကြံပြုကြောင်း၊ ၁ပတ်မှာ ၅ရက်၊ ၁ရက်မှာ ၂နာရီ အင်တာနက်သုံးတာ အိုကေကြောင်း၊ သူမက အကြံပြုခဲ့ပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_74.html


No comments:

Post a Comment