ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 27, 2015

ပျားရည်သောက်ရန် သင့်တော်သူများနှင့် မသင့်တော်သူများ




ပျားရည် သောက်တော့မယ် ဆိုရင် နံက်စောစော အိပ်ယာ ထချိန်ဖြစ်တဲ့ ဝမ်းဗိုက်ထဲမှာ ဘာအစာမှ မရှိတဲ့ အချိန်ဟာ ပျားရည်သောက်ရန် အသင့်တော်ဆုံး အချိန်ပဲ ဖြစ်ပါတယ်။ သို့မဟုတ် ညစာ မစားခင်နှစ်နာရီခန့် အလို နဲ့ ညအိပ်ယာ ဝင်ခါနီး အချိန်တွေ မှာလည်း သောက်ပေးနိုင် ပါတယ်။ အရွယ် ရောက်ပြီးသူ လူ တစ်ယောက်ဟာ ပျားရည်ကို တစ်နေ့လျှင် လက်ဘက်ရည် ဇွန်း နှစ်ဇွန်း ထက်ပို၍ မသောက်သင့် ပါဘူး။ ဆေးညွှန်း ပမာဏမှာ တစ်ကြိမ် သောက်တိုင်း ကြက်သီးနွေးခန့် ပူသော ရေနွေးဖြူ တစ်ဖန် ခွက်နှင့် ပျားရည် စစ်စစ် တစ်ဇွန်း (လက်ဖက်ရည် ဇွန်း အရွယ်) ဖြစ်ပါတယ်။ ၄င်းဖျော်ရည်ကို အကြာကြီး အအေးခံ မထားသင့်ဘဲ ချက်ချင်း သောက်ပေး သင့်ပါတယ်။

ပျားရည်သောက်ရန် သင့်တော်သူများ

(၁) နို့တိုက်မိခင်များ
မီးဖွားပြီးစ နှင့် နို့ ချို တိုက်ချိန် များမှာ ပျားရည် စားသင့်ပါတယ်။ အထူး သဖြင့် မီးဖွားပြီးစ သွေးသားနု ချိန်မှာ ပျားရည်ကို အရက်နှင့် ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာ ရာသီ လာချိန်မှာလည်း ပျားရည် သောက်သင့် ပါတယ်။

(၂) ကင်ဆာ ရောဂါသည်များ
အရိုးကင်ဆာ နှင့် အဆာအိမ် ကင်ဆာ ဝေဒနာသည် များဟာ သဘာဝ နှစ်ချို့ပျားရည် စစ်စစ်နှင့် သစ်ကြပိုး ခေါက်မှုန့်တို့ ကို လက်ဖက်ရည် ဇွန်း တစ်ဇွန်းကျ ပမာဏစီ ဆတူရော၍ ၄င်းဆေးညွှန်း အတိုင်း တစ်နေ့လျှင် သုံးကြိမ်နှုန်းဖြင့် အစာ မစားမှီ နာရီဝက် အလို သို့မဟုတ် အစာ စားပြီးနောက် နာရီဝက် အကြာမှာ သောက်သုံး ပေးရပါမယ်။ အထူး သတိပြု ရန်မှာ ဆေးသောက် ပြီးတဲ့ အခါ သောက်ရေအေး တစ်ဖန်ခွက် သောက်ပါ (ရေခဲရေနှင့် ရေနွေးပူတို့ မဟုတ် ပါ။)

(၃) အပူကန် လည်ချောင်းနာသူများ
ပျားရည်ဟာ အပူဓာတ် ရှိတာကြောင့် ကိုယ်တွင်း အပူဓာတ် များသူ တွေက ပျားရည် သောက်ရန် သင့်၊ မသင့် ဒွိဟ ဖြစ်နေ ကြပါတယ်။ တကယ်တော့ သောက်လို့ ရပါတယ်။ အပူကန် လည်ချောင်းနာ သူများဟာ ပျားရည်ကို ရှောက်ရည် ညှစ်၍ သောက်သုံး ခြင်းဖြင့် အပူငြိမ်း၍ ရောဂါ ပျောက်စေ ပါ တယ်။

(၄) ချောင်းဆိုးနေသူများ
ချောင်းဆိုး နေသူများ အတွက် ပျားရည်က ဆေးကောင်း တစ်ခွက်ပါပဲ။ ဆေးသောက်ရန် အသင့်တော်ဆုံး အချိန်ကတော့ နံက် အိပ်ယာထ ဘာမျှ မစားခင် ဖြစ်ပြီး၊ ရေနွေးဖြူ တစ်ဖန်ခွက် ထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်၍ ဖျော်သောက် ပေးရမှာပါ။ တဖန်နှာစေး၊ ချောင်းဆိုးခြင်း အတွက် ပျားရည်ကို ရှောက်ရှည်၊ သို့မဟုတ် သံပုရာရည်ဖြင့် ဆတူ ရော၍ သောက်ပါ။

(၅) အသက် တစ်နှစ်နှင့်အထက် ကလေးငယ်များ
(က) ကလေးငယ်များ ချွဲကျပ်၊ ရင်ကျပ်ဖြစ်ရင် ပျား ရည်ကိုသံပုရာ ရည်ဖြင့် ဆတူရော၍ တိုက်ပါ။
(ခ) ကလေးငယ်များ ဝမ်းပျက်၊ ဝမ်းလျောခြင်း အတွက် ပျားရည် အနည်းငယ်ကျွေးပါ။
(ဂ) ပျားရည်က စိတ်ကို ထိန်းပေးနိုင်သော အစွမ်း သတ္တိရှိ၍ အိပ်ရာထဲ အပေါ့စွန့် တတ်သော ကလေးများကို ညအိပ်ယာ ဝင်ခါနီး ပျားရည်ကျွေး ပေးခြင်းဖြင့် အပေါ့အပါး မသွားအောင် ဟန့်တားနိုင် ပါတယ်။
(ဃ) ကလေးငယ်များ သူငယ်နာ အကြောဆွဲ၍ သေလု မျောပါး ဖြစ်နေရင် ပျားရည် ကျွေးပေး ခြင်းဖြင့် အသက် ချမ်းသာရာ ရနိုင်ပါတယ်။
(င) တုတ်ကောင်၊သန်ကောင် ရှိသောကလေး ငယ်များကို နာနတ်သီးကို ပျားရည်ဖြင့် နယ်၍ ကျွေးပါ၊ သို့မဟုတ် ပျားရည်နှင့် အုန်းနို့ ရောစပ်၍ တိုက်ပါ။

ပျားရည်သောက်ရန် မသင့်တော်သူများ

(၁) အသက် တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ် များ။ ပျားရည်ထဲမှာ Microorganisms လို့ခေါ်တဲ့ Clostridium ဗက်တီးရီးယား ပိုးငယ်လေးတွေ မြောက်များစွာ ပါရှိနေ ကြပါတယ်။ အရွယ် ရောက်ပြီးသူများ၏ အစာချေ လမ်းကြောင်းက ၄င်း ဗက်တီးရီးယား များကို ကောင်းစွာ ချေဖျက် နိုင်သော်လဲပဲ ကလေးငယ်များ အတွက်ကတော့ အစာချေ လမ်းကြောင်းမှာ သွေးခဲ၍ အစာ အဆိပ်သင့် ဝေဒနာကို ဖြစ်စေပါတယ်။

ဒါ ကြောင့် အသက် တစ် နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ် များကို ပျား ရည် (လုံးဝ) မကျွေး သင့်ပါဘူး။

(၂) ကိုယ်ဝန်ဆောင် မိခင်လောင်းများ
Botulinumtoxin (ခေါ်) ပျားရည်ထဲရှိ ဗက်တီးရီးယား ပိုးမှ စွန့်ထုတ် ပစ္စည်း အဆိပ် တစ်မျိုးကြောင့် ကိုယ်ဝန်သည် တွေက ပျားရည် သောက်ရန် သင့်လား၊
မသင့် ဘူးလား ဆိုတာကို ဝေခွဲ မရ ဖြစ်နေ ကြပါတယ်။ အရွယ် ရောက်ပြီးသူ တစ်ယောက်ဟာ ပျားရည် သောက်ပြီး နောက်၊ ခန္ဓာကိုယ်၏ ဇီဝကမ္မ ဖြစ်စဉ်
က ပျားရည် ထဲမှာ ပါရှိတဲ့ Botulinumtoxin အဆိပ်ကို အလို အလျောက် ဖယ်ရှား သုတ်သင် ပေးလေ့ ရှိပါ တယ်။ ဒါကြောင့် ကိုယ်ဝန် ဆောင်များ ပျားရည်
သောက်လို့ ရပါတယ်။

ပဋိသန္ဓေ သားကိုလည်း လုံးဝ ဘေးဥပဒ် မဖြစ်စေနိုင် ပါဘူး။ သို့သော် မိခင်လောင်း အများစုဟာ ကိုယ်ဝန်ဆောင် နေစဉ်မှာ သွေးထဲရှိ သကြား ပမာဏ မြင့်တက်လေ့ ရှိကြပါတယ်။ ပျားရည်ထဲမှာလည်း Fructose သကြား ပမာဏ မြင့်မားစွာ ပါရှိနေ တာကြောင့် ကိုယ်ဝန် သည်များ အနေဖြင့် ပျားရည် မစားတာ ဘေးအကင်းဆုံးပဲ ဖြစ်ပါတယ်။

(၃) ဆီးချိုသွေးချို ရောဂါသည်များ
ပျားရည်ထဲမှာFructose နှင့်Glucose တို့ ဓာတ်တွေ ပြည့်ဝ တူညီစွာ ပါရှိနေ ပါတယ်။ ဒါကြောင့် ဆီးချို သွေးချို ရောဂါသည် များနှင့် သွေးထဲမှာ Glucose ပြဿနာ ရှိနေ သူများဟာ ပျားရည် စားသုံးခြင်းမှ အထူး ရှောင်ရှား ရပါမယ်။

(၄) ကိုယ်အလေးချိန် လျော့ချ လိုသူများ
ပျားရည်နဲ့ သကြားညို (သဘာဝ သကြား) တို့ကို နှိုင်းယှဉ် ကြည့်ပါက လက်ဖက်ရည် ဇွန်း တစ်ဇွန်းစာ ပမာဏစီ ရှိကြသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂
ပါရှိနေပြီး၊ သကြားထဲတွင် ကယ်လိုရီ ၁၆ ပါရှိ နေပါတယ်။ ဒါကြောင့် ပျားရည်ဟာ ကယ်လိုရီ တက်စေ တာကြောင့် ကိုယ် အလေးချိန် လျှော့ချ လိုသူများ
အနေဖြင့် ပျားရည် မသောက်သင့် ပါဘူး။

ပျားရည် သံပုရာကို သောက်ခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုး ကျေးဇူးများ

ရေနွေးဖြူ တစ် ဖန်ခွက်ထဲကို ပျားရည်နှင့် သံပုရာရည် တို့အား လက်ဖက်ရည် ဇွန်း တစ်ဇွန်း ကျစီရော၍ နံနက် အိပ်ရာထ ဗိုက်ထဲမှာ ဘာအစာမျှ မရှိခင်မှာ သောက်ပေး ရမှာ ဖြစ်ပါတယ်။

၎င်းဆေး ပျားရည်ကို သောက်ပေး ခြင်းဖြင့် တစ်နေ့တာလုံး အစာ ကျေညက် စေခြင်း၊ အူသိမ် အူမထဲမှ အချွဲ အကျိ အရိအရွဲများ ကျစေခြင်း၊ အူမကြီးကို သန့်စင် ကျန်းမာစေခြင်း၊ အူမကြီးကို စိုစွတ်၍ လွယ်ကူစွာ ဝမ်း သက်စေခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ စိတ်ဖိစီးမှု တွေ ပြေပျောက် စေခြင်း၊ ကိုယ်ခံ စွမ်းအားကို တိုးတက် မြင့်မားလာခြင်း၊ ဆီးပုပ်များ သက်ဆင်း၍ ဆီးလမ်းကြောင်းကို သန့်စေခြင်း၊ ခံတွင်းရနံ့ သင်းပျံ့ခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုး ထွက်ခြင်းမှ ကာကွယ်ပေးခြင်း၊ အသားအရည် ဝင်းပကြည်လင်ခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပေါက်ပေါက်
MOI Webportal Myanmar

Original link - https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment