
လူတိုင်း နီးပါး ညလယ်ပိုင်း လောက်ဆို အိမ်ယာက နိုးတတ်တဲ့ သဘောလေး ရှိပါတယ်။ ဒီလိုဖြစ်ဖို့ အတွက်လည်း ကျနော်တို့ရဲ့ ဦးနှောက်တွေက အတိအကျ ချိန်သား ကိုက်ပြီးသားလို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလိုအခြေအနေက Insomnia လို့ခေါ်တဲ့ အိပ်ရေးပျက် ရောဂါနဲ့တော့ မတူပါဘူး။ 19 ရာစုနှစ် နှောင်းပိုင်းတုန်း ကတော့ ဒီလို ခဏခဏ ဖြစ်ရင် Insomnia လို့ ဆေးပညာရှင် တွေက ယူဆ ခဲ့ပါတယ်။
တကယ်လို့ ညလယ်ပိုင်း အိပ်ယာက နိုးလာလို့ ပြန်အိပ်ဖို့ အခက်အခဲ ရှိတယ် ဆိုရင်တော့ အိမ်မှု ကိစ္စ လုပ်ခြင်း၊ တရားထိုင်ခြင်း၊ သို့တည်း မဟုတ် ချစ်ခင်သူနဲ့ တရေးတမော ချစ်တင်းနှောခြင်း ပြုလိုက် ပါက အိပ်စက်ဖို့ လွယ်ကူ သွားစေမယ်လို့ ဆေးဘက် ဆိုင်ရာက အကြံပေး ထားပါတယ်။
ဒီလိုအခြေအနေမှာ ဖုန်းပြန်သုံးခြင်း၊ တီဗွီကြည့်ခြင်းတော့ မလုပ်သင့်ပါဘူးတဲ့။
ဗြိတိန်နိုင်ငံသား တော်တော်များများက တစ်ရေး၊ နှစ်ရေး အိပ်စက်လိုက်ရခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။
Virginia Polytechnic and State University တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Roger Ekirch က ” 16 ရာစုနှစ်တွေတုန်းကတောင် ဒီလို ညလယ်ပိုင်း လန့်နိုးရင် ချစ်သူ၊ ဇနီးခင်ပွန်းနဲ့ ချစ်တင်းနှော လိုက်တာက အကောင်းဆုံးလို့ ညွှန်းဆိုခဲ့တဲ့ ဆေးပညာရှင်တွေ ရှိခဲ့ဖူး ပါတယ် “လို့ ပြောခဲ့ ပါတယ်။

2001 ခုနှစ်မှာ ပါမာက္ခက Roger က စာတမ်း တစ်ခု ထုတ်ပြန် ခဲ့ပြီး 16 နှစ် အတွင်းမှာ ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတွေကို အခြေခံပြီး၊ လူတွေဟာ မတူညီတဲ့ အခြေ အနေနှစ်ခုနဲ့ အိပ်စက်ကြောင်း ထုတ်ဖော် ခဲ့ပါတယ်။
2005 ခုနှစ်မှာတော့ Roger ဟာ At Day’s Close: Night in Times Past ဆိုတဲ့ စာအုပ်ကို ရေးသား ပြုစုခဲ့ပြီး၊ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ခွဲခြမ်း စိတ်ဖြာမှု 500 လောက် ထည့်သွင်းရေးသား ခဲ့ပါတယ်။
ဒါပေမယ့် ယနေ့ခေတ် မှာတော့ အိပ်စက်မှု နည်းပါးခြင်းဟာ နှလုံးရောဂါရဲ့ ရှေ့ပြေး လက္ခဏာ တစ်ခု အဖြစ် လက်ခံ ထားကြပြီး၊ တကယ်လည်း မှန်ကန် တယ်လို့
ပြောလို့ ရတဲ့ အနေ အထားပါဘဲ။
သို့ပေမယ့် ညလယ်မှာ အိပ်ယာက နိုးခြင်းကတော့ နှလုံးရောဂါနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး၊ ဦးနှောက်ဆဲလ် တွေဟာ ပုံမှန် အတိုင်း Active ဖြစ်နေကြောင်း၊ အာရုံ စူးစိုက်မှု အားကောင်း နေသေးကြောင်း မြင်သာစေတဲ့ အခြေအနေ တစ်ရပ်လို့ ဒေါက်တာ Roger က ဆိုခဲ့ ပါတယ်။
ဒါပေမယ့် ပုံမှန်အချိန် အတိုင်း ညလုံးပေါက် တစ်စပ်တည်း အိပ်စက်ရင်လည်း ကျန်မားရေးကို ထိခိုက်စေမှု မဖြစ်စေဘူးလို့ ဆိုထား ပါတယ်။
အချို့ အချိန်ကြာမြင့်စွာ အိပ်စက်လေ့ ရှိသူတွေကတော့ စိတ်ပိုင်းဆိုင်ရာ တစ်ခုခု မှားယွင်းနေလို့ ဖြစ်တယ်လို့ သိရပါတယ်။
ပုံမှန်အတိုင်း ညလုံးပေါက် အိပ်စက်လိုပါက အခန်းအပူချိန်ကို မိမိနဲ့ သင့်တော်သလောက် ချိန်ညှိဖို့ လိုအပ်ပြီး၊ မီးအလင်းရောင်ကို ယဲ့ယဲ့သာ ထွန်းထားသင့်ပါတယ်။
မအိပ်ခင်မှာ စိတ်ကြည်လင်ပြီး ဖိအားတွေ ကင်းစင်နေပြီဆိုပါက တစ်ချိုးတည်း အိမ်ပျော်နိုင်ကြောင်း အကြံပေး ထားပါတယ်။
source : thesun.co.uk
From : SHWEMOM by လင်းဇော်ကို (Shwemom)
Originally published at - http://www.shwemom.com

No comments:
Post a Comment