ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 1, 2016

သံဓာတ်ချို့တဲ့နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာ ၉ မျိုး




ပျမ်းမျှ အမျိုးသမီး ၁ဝ ဦးမှာ ခြောက်ဦး ခန့်က သံဓာတ် ချို့တဲ့လေ့ ရှိကြပြီး သံဓာတ် ချို့တဲ့ခြင်း ရှိ၊ မရှိ အောက်ပါ လက္ခဏာ ၉ မျိုးနဲ့ ဆန်းစစ် နိုင်ပါတယ်။

အလွန်အမင်း မောပန်းခြင်း

ခန္ဓာကိုယ်က သံဓာတ်ကို အသုံးပြုပြီး သွေး ကလာပ်စည်း ဆဲလ် ထဲမှာ ရှိတဲ့ အောက်ဆီဂျင် ကို သယ်ယူ ပေးတဲ့ သွေးနီဥဓာတ် တစ်မျိုးကို ထုတ်လုပ် ပေးပါတယ်။ သံဓာတ်ချို့တဲ့ လာရင် ကျန်းမာ သန်စွမ်းတဲ့ သွေးဆဲလ်တွေ အလုံ အလောက် မရှိတော့လို့ အလွန်အမင်း မောပန်းနွမ်းနယ် လာပါတယ်။

အာရုံစူးစိုက်၍ မရခြင်း

သံဓာတ်ချို့တဲ့ လာရင် အာရုံခံအင်္ဂါ အဖွဲ့အစည်းတွေ ချို့ယွင်း သွားတာကြောင့် ပုံမှန်လုပ်နေကျ အလုပ်တွေ မှာတောင် စိတ်အာရုံ စူးစိုက်လို့ မရတော့ဘဲ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်း ကျဆင်း လာပါတယ်။

စိတ်ဝင်စားမှု မရှိခြင်း

သံဓာတ်ချို့တဲ့ လာတာကြောင့် အာရုံခံ အဖွဲ့အစည်း တွေကို ထိခိုက် စေရုံသာမက စိတ်နှလုံး နောက်ကျိလာပြီး မိမိရဲ့မိသားစု၊ မိတ်ဆွေ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် တွေအပေါ်မှာ အရင်လို စိတ်ဝင်စားမှုမရှိ တော့ဘဲ တစ်ယောက်ထည်း အထီးကျန် နေလိုစိတ် ပြင်းပြနေတတ် ပါတယ်။

အသက်ရှူကျပ်ခြင်း

သွေးထဲမှာ သံဓာတ် လုံလောက်မှု မရှိတဲ့အခါ ခန္ဓာကိုယ်က အောက်ဆီဂျင်ကို အလွန်အမင်း တောင့်တလာပြီး အသက်ရှူ မဝဘဲ မွန်းကျပ်မှုတွေ ဖြစ်လာပါတယ်။ ပုံမှန် အားကစား လေ့ကျင့်ခန်း လုပ်တဲ့အခါ၊ ပုံမှန် လမ်းလျှောက်တဲ့ အခါ တွေမှာ သိသိသာသာ အသက်ရှူမဝ ဖြစ်လာတာဟာ သံဓာတ်ချို့တဲ့တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

အသားအရေဖြူရော်ရော်ဖြစ်ခြင်း

နှုတ်ခမ်းသား၊ လက်ဖဝါး၊ အောက်မျက်ခမ်း အတွင်းသား တွေမှာ အရင်နဲ့မတူ ဖြူဆွတ် လာတာတို့၊ လက်ဖဝါး၊ ခြေဖဝါးတွေ အေးစက်ပြီး မျက်နှာနဲ့ အသားအရေတွေ ဖြူရော်ရော် ဖြစ်လာတာတွေ ကလည်း သွေးနီဥတွေ လျော့နည်းကျဆင်း လာပြီး သွေးမလျှောက် နိုင်တော့လို့ ဖြစ်ပါတယ်။

ကြွက်သားတွေနာကျင်ခြင်း

ခန္ဓာကိုယ် ကြွက်သားတွေမှာ သံဓာတ်တွေ အားနည်း လာတာကြောင့် ကြွက်သားတွေ ပျော့အိလျော့ရဲ လာပြီး တော်ရုံဖိမိ တွန်းမိတာ ကိုတောင် အထိမခံ နိုင်လောက်အောင် အသားတွေ နာကျင် လာပါတယ်။

ခြေသည်း၊ လက်သည်းတွေကွဲထွက်ခြင်း

ခြေသည်း၊ လက်သည်း အစပ်နားတွေ သူ့ အလိုလို ကွဲထွက်တတ် တာကလည်း သံဓာတ် ချို့တဲ့ခြင်းရဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

မကြာခဏဖျားနာခြင်း

အသက်ရှူလမ်းကြောင်း မှ တစ်ဆင့် အလွယ်တကူ ကူးစက်နိုင်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုးလို ရာသီဖျားတွေကို မကြာခဏ ကူးစက်ခံရခြင်း၊ ခါတိုင်းနဲ့မတူ တော်ရုံ အအေးမိရုံမျှနဲ့ နှာခေါင်းပိတ်တာ ကလည်း သံဓာတ်ချို့တဲ့ တာပါပဲ။

ပန်းရောင် သို့မဟုတ် အနီရောင် ဆီးသွားခြင်း

သွေးဆုံးပြီး အမျိုးသမီးတွေ ၁ဝ ဦးမှာ နှစ်ဦးလောက်က ပန်းရောင် ဒါမှမဟုတ် အနီရောင်၊ နီညိုရောင် ဆီးသွား တတ်ပါတယ်။ အဲဒီ ဆီးအရောင်တွေက စတော်ဘယ်ရီသီး တွေ၊ Beet Root (ခေါ်) သကြားမုန်လာ (ခေါ်) မုန်လာဥနီကို မစားဘဲ ဆီးအရောင်က သူ့အလိုလို ပြောင်းလဲသွားတာ ဟာလည်း သံဓာတ်ချို့တဲ့ တာကြောင့်ပါ။

သံဓာတ်ဖြည့်တင်းပေးတဲ့ အစားအစာများ

ပရိုတင်း၊ ဗီတာမင် B-6၊ ဗီတာမင် C ၊ ဗီတာမင် D ၊ ကယ်လ်စီယမ်၊ ခန္ဓာကိုယ် အကျိုးပြု Beta Carotene ၊အမျှင်ဓာတ်နှင့် တခြား အာဟာရဓာတ်၊ မပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့ အမဲအသည်း၊ အမဲ(မိုးခို)သား၊ အမဲသား၊ ကြက်ရင်ပုံသား၊ ဆော်လမွန်ငါး၊ ရွှေဖရုံသီးအစေ့၊ ချောကလက် စစ်စစ်၊ စမုန်ဖြူ အခြောက်၊ တင်လဲရည် (သကာရည်)၊ Apricots (ခေါ်) ဆီးသီးခြောက်၊ ပဲနီလေး၊ အာလူး၊ ဟင်းနုနယ်၊ ပဲကတ္တီပါ၊ တိုဟူး၊ ပဲထောပတ်၊ ဘရိုကိုလီ (ခေါ်) ပန်းဂေါ်ဖီစိမ်း တို့ကို စားသုံးသင့် ပါတယ်။

The Myawady Daily By : ( ပေါက်ပေါက် )

Originally published at - http://themyawadydaily.blogspot.com/2016/06/blog-post_1.html

No comments:

Post a Comment