
တီဗီတွေ၊ ရုပ်ရှင်တွေ ထဲမှာက လွဲရင် အမျိုးသမီး အများစုဟာ နှစ်ဦးသာ ချစ်တင်းနှော နေချိန် အတွင်းမှာ အမျိုးသား တွေလို ပြီးမြောက်ကျေနပ်မှု မရရှိ ကြတာ များပါတယ်။
ဒါ ဘာကြောင့်လဲ ဆိုတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်မှု ပုံစံကိုပဲ အပြစ် တင်ရမှာ ဖြစ်ပါတယ် လေ့လာ တွေ့ရှိချက် အသစ်နဲ့ သက်သေ သာဓက အသစ်တွေက ပြောပြ ထားပါတယ်။
ချစ်တင်းနှောနေစဉ်မှာ ပြီးမြောက်ကျေနပ်မှု အတွက် အဓိကကျတဲ့ အစိတ် အပိုင်းဖြစ်တဲ့ Clitoris ဟာ ယောနိ လမ်းကြောင်းကနေ ဝေးသွား တတ်တယ်လို့ သုတေသီတွေက ရှင်းပြ ထားပါတယ်။
ဒါပေမယ့် အမျိုးသမီးတွေ ထဲမှာ ယောနိလမ်းကြောင်းနဲ့ Clitoris အကြားဝေးကွာမှု ပိုများတဲ့ အခါ သဘာဝ နည်းလမ်း အတိုင်း ချစ်တင်းနှောတဲ့ အခါ Clitoris ကို ပွတ်တိုက် လှုံ့ဆော်ပေးလေ့ မရှိတာကြောင့် အမျိုးသမီးတွေမှာ ချစ်တင်းနှော နေစဉ် အတွင်း ပြီးမြောက်ကျေနပ်မှု ရရှိဖို့ အလွန် ခက်ခဲနိုင်ကြောင်း West Palm Beach, Fla ရှိ American College of Obstetricians and Gynecologists မှ Dr. Maureen Whelihan က ရှင်းပြ သွားပါတယ်။
အမျိုးသမီးရဲ့ Clitoris နဲ့ သူ့ရဲ့ဆီးလမ်းကြောင်း ၀ကြား အကွာ အဝေးဟာ ပြီးမြောက် ကျေနပ်မှု ရနိုင်မရနိုင်ကို ခန့်မှန်းနိုင်ကြောင်း သုတေသီတွေက ရှင်းလင်း ပြောပြ ထားပါတယ်။
အမျိုးသမီးတွေရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ ၉၀ ရာခိုင်နှုန်း ကြာဟာ ပုံမှန် ချစ်တင်းနှောရုံနဲ့ ပြီးမြောက်ကျေနပ်မှု မရရှိစေနိုင် ပါဘူးလို့လည်း Whelihan က ဆိုပါတယ်။
Ref : UPI
Originally published at - http://health.thithtoolwin.com/2016/04/blog-post_26.html

No comments:
Post a Comment