ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 19, 2016

ပူပြင်းပြီး ချွေးထွက်များနေတဲ့ အချိန်မှာ ချွေးနံ့ မနံရအောင်




အခုလို ပူပြင်း လှတဲ့ နွေရာသီ မှာတော့ လူတိုင်း လိုလိုက ချွေးထွက် လွန်ပြီး ချွေးနံ့ နံတဲ့ ပြဿနာ ကိုတော့ အနည်းနဲ့ အများ ကြုံတွေ့ရ တတ်ပါတယ်။

ဒီလို ပြဿနာတွေ တွေ့ကြုံ လာရတဲ့ အချိန်မှာတော့ ကိုယ့်ဆီက ချွေးနံ့ကြောင့် တစ်ပါးသူတွေ စိတ်အနှောင့် အယှက် မဖြစ်စေဖို့ အတွက် ချွေးနံ့ မနံရအောင် ဆောင်ရန် ရှောင်ရန်
လေးတွေကို အခုလိုပဲ ဝေမျှ လိုက်ရပါတယ်။

အကယ်လို့ သင့်အနေနဲ့ ချွေးထွက် များနေရင် ရေများများ ပြန်သောက်ပေး သင့်ပါတယ်။ ခန္ဒာကိုယ် အတွင်းကနေ အပူဖလှယ် တာကြောင့် ချွေးထွက် ရတာပါ။ ဒါ့ကြောင့် သင့်အနေနဲ့ ရေဓာတ် ပြည့်ဝနေတဲ့ အချိန် ချွေးထွက်တဲ့ အခါမှာ ချွေးကသာ များပေမယ့် ကိုယ့်ဆီက ဘာအနံ့ အသက်မှ မရှိတာကို ခံစားမိမှာ ဖြစ်ပါတယ်။

ဒီအချက်ကတော့ ကိုယ်တိုင်က ချွေးနံ့ သိပ်မထွက်တတ်တဲ့သူတွေမှာ သိသာလေ့ရှိပါတယ်။ရေက ချွေးနံကို ဖြစ်စေသောအဆိပ် အတောက်တွေကို ချေဖျက်ပေးနိုင်လို့ဖြစ်ပါတယ်။

ချွေးနံ့ကို နဂိုတည်းက ထွက်တတ်တဲ့ သူတွေ အတွက်လည်း နည်းကောင်းလေးတွေ ဝေမျှပေး ပါအုံးမယ်။ ခရမ်းချဉ်သီး ဖျော်ရည်ကို ကြိုက် ကြိုက် မကြိုက်ကြိုက် တစ်ပတ်လုံး
သောက်ပေး ကြည့်ပါ။ တစ်ပတ်အတွင်း ချွေးနံ့မရှိတော့တာကို သိသိသာသာတွေ့ရမှာဖြစ်ပြီး သင့်အနေနဲ့ လုံးဝပျောက်ချင်တယ်ဆိုရင်တော့ စွဲပြီး သောက်ပေးသွားပါ။ ချွေးနံ့ မထွက်တော့တဲ့ အချိန်မှာ ရပ်တန့်လိုက်ပါ။

ချိုင်းကြားကနေ ချွေးနံ့နံတတ်တဲ့သူတွေအတွက်တော့ ရေချိုးပြီးတိုင်း ကျောက်ချဉ်ကို ရေဆွတ်ပြီး ချိုင်းကြားကို သုတ်ပေးပါ။ ကျောက်ချဉ်လိမ်းထားတာ ခြောက်သွားတဲ့အချိန်မှာတော့ သင့်အနေနဲ့ နှစ်သက်ရာ Roll On တစ်ဘူးနဲ့ တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။

ခြေထောက်မှာ ချွေးအထွက်များတဲ့သူတွေအတွက်တော့ ဗင်နီဂါရည်ကို ခြေထောက်အနှံ့လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် အခြောက်ခံထားပါ။

ပြီးရင် ရေဆေးချပေးလို့ရပါတယ်။ ဒီနည်းတွေကတော့ ချွေးပေါက်တွေကို ကျဉ်းသွားစေပြီး အနံ့အသက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေတာကြောင့် အရမ်းအသုံးဝင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

လက်ဖက်စိမ်းရည်တစ်ခွက်လောက်သောက်ပေးတာကလည်း ချွေးထွက်မှုကို ထိန်းချုပ်နိုင်ပါတယ်။ လက်ဖက်စိမ်းဟာ မှိုစွဲမှုကို လျှော့ချပေးတာကြောင့် အနံ့အသက်ဖြစ် တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အစားအသောက် အစားအသောက်အနေနဲ့တော့ အဆီများတဲ့အစားအစာတွေ ၊ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ ကဖိန်း၊အရက်နဲ့ ကျက်ကျက် ကြော်ထားတဲ့ သရေစာတွေနဲ့
ချောကလတ်စားသုံးမှုတွေကို ရှောင်ကြဉ်ပေး ရမှာပါ။ ဆီလီကွန်ဓာတ်ပါတဲ့ စတော် ဘယ်ရီ၊ စပျစ်နှင့်ဗံဒါစေ့တို့ကို စားသုံးသင့်ပါတယ်။ ဆီလီကွန်ဓာတ်ဟာ ချွေးထွက်မှုကို အကောင်းဆုံး ထိန်းချုပ်ပေးတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့်ပါ။

အဝတ်အစားအနေနဲ့တော့ ချွေးစုပ်တဲ့ ချည်နဲ့ လီနင်သားတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ဒီအဝတ်အထည်တွေဟာ လေဝင်လေထွက်ကောင်းပြီး အမြဲတမ်း ချွေးခြောက်နေ တာကြောင့် အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို မပေါက်ပွားစေတော့တာကြောင့် ဖြစ်ပါတယ်။

သင့်အနေနဲ့ ရေမွှေးသုံးတတ်တယ်ဆိုရင်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေမယ့် သင်းပျံ့တဲ့ရေမွှေးလေးကို ရွေးချယ်သုံးခြင်းက ချွေးနံ့ထွက်ခြင်းကို အထိုက်အလျောက် လျော့ ကျစေပါလိမ့်မယ်။

Ref : GoodHealth

Originally published at - http://health.thithtoolwin.com/2016/05/blog-post_12.html

No comments:

Post a Comment