ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 31, 2016

ကလေးယူမယ်ဆိုရင် အမျိုးသားများလည်း ကော်ဖီ လျှော့သောက်သင့်




ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ကိုယ်ဝန် ပျက်ကျတဲ့ အန္တရာယ် လျော့နည်းစေရန် ကော်ဖီ လျှော့သောက်ဖို့ လိုအပ် သလို အိမ်ထောင်ဖက် အမျိုးသား တွေလည်း ကလေး ယူတော့မယ် ဆိုရင် ကော်ဖီ လျှော့သောက် သင့်ကြောင်း သုတေသန သစ် ရလဒ်က ဖော်ပြ ပါတယ်။

တစ်နေ့လျှင် ကော်ဖီနှစ်ခွက်ထက်ပိုသောက်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကော်ဖီမသောက်တဲ့ ကိုယ်ဝန်ဆောင်တွေထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ၇၄ ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက ဆိုပါတယ်။

ထို့အတူ ကလေးယူဖို့ ကြိးပမ်းနေစဉ် ကာလမှာ ခင်ပွန်း သို့မဟုတ် ယောက်ျားလေး အဖော်က ကော်ဖီနှစ်ခွက်ထက် ပိုသောက်ပါ ကလည်း အမျိုးသမီး ကိုယ်တိုင် ကော်ဖီသောက် သကဲ့သို့ပင် ကိုယ်ဝန် ပျက်ကျနိုင်တဲ့ အန္တရာယ် ရှိကြောင်း သုတေသန ရလဒ် တစ်ခုမှာ ဖော်ပြ ထားပါတယ်။

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ရော့ခ်ဗီလီရှိ Eunice Kennedy Shriver National Institute of Child Health and Human Development မှ ဘက်ခ်လူးဝစ်က စုံတွဲ ၃၄၄ တွဲကို စောင့်ကြည့် လေ့လာပြီး သုတေသန ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သုတေသန အစီအစဉ်မှာ ပါဝင်တဲ့ စုံတွဲ အားလုံးရဲ့ နေ့စဉ် စီးကရက်သောက်မှု၊ ကဖင်းဓာတ်နဲ့ အရက် သောက်သုံးမှု၊ ဗီတာမင်ဓာတ် မျိုးစုံ ဖြည့်စွက် စားသုံးမှု တွေကို စောင့်ကြည့် လေ့လာ ခဲ့ပါတယ်။

သုတေသန ရလဒ်အရ အသက် ၃၅ နှစ် အထက် အမျိုးသမီးတွေဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန် ပျက်ကျနိုင်ခြေ နှစ်ဆ နီးပါး ပိုများ ပါတယ်။

ဗီတာမင်မျိုးစုံ ဖြည့်စွက်စားသုံးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ဗီတာမင်မျိုးစုံ ဖြည့်စွက် စားသုံးခြင်း မရှိတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ၅၅ ရာခိုင်နှုန်း လျော့နည်းကြောင်းလည်း သုတေသန ရလဒ်က ဆိုပါတယ်။

Source & Photo: Reuters, Daily Mail

Originally published at - http://www.duwun.com.mm/lifestyle/


No comments:

Post a Comment