ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 17, 2016

တရုတ်နံနံရဲ့ ကျန်းမာရေး ကောင်းကျိုးများ




တရုတ်နံနံဟာ ဟင်းချက်ရာမှာ အနံ့အရသာ ပိုမိုကောင်းမွန်စေဖို့ ထည့်သွင်း အသုံးပြုဖို့ တစ်ခုတည်း အတွက်သာ မကဘဲ ဆေးလည်း ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်လို ( 芹菜 - ချဉ်ချွိုက် ) အင်္ဂလိပ်လို Chinese celery လို့ ခေါ်ပါတယ်။

တရုတ်နံနံကို စားသုံးခြင်း အားဖြင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိနိုင် ပါတယ်။



၁။ အစာခြေမှုစနစ်ကို တိုးတက် ကောင်းမွန်စေခြင်း

သင့်ရဲ့ဟင်းလျာတွေထဲမှာ တရုတ်နံနံ ထည့်သွင်းခြင်း အားဖြင့် အစာမကြေခြင်း၊ လေထိုးခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ အစာအိမ်နဲ့ ပတ်သက်တဲ့ ရောဂါ လက္ခဏာတွေကို ကုသရာမှာ အကူအညီ ပေးနိုင်ပါတယ်။



၂။ ဓမ္မတာစီးဆင်းမှု ကောင်းမွန်စေခြင်း

ရာသီသွေးမမှန်ခြင်းနဲ့ ရာသီထိန်ခြင်းစတဲ့ ပြဿနာတွေ ရှိနေတယ် ဆိုရင် တရုတ်နံနံ စားခြင်းအားဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန် စေပြီး ရာသီသွေး ပြန်ပေါ်လာဖို့ အကူအညီ ပေးပါတယ်။

၃။ အဆစ်အမြစ် နာကျင် ရောင်ရမ်းခြင်းကို သက်သာစေခြင်း

တရုတ်နံနံပင်ဟာ နာကျင်မှုကို သက်သာစေတဲ့ သဘာဝဆေးပါ။ အဆစ်အမြစ် နာကျင်ရောင်ရမ်း ခြင်းကို လျော့ကျ စေနိုင်တယ်လို့ လေ့လာမှုတွေ အရ သိရပါတယ်။



၎။ တန်ဖိုးရှိတဲ့ အာဟာရ ဓာတ်တွေကို ပံ့ပိုးပေးခြင်း

တရုတ်နံနံကို စားသုံးခြင်းဖြင့် သင့်ရဲ့ ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အေ၊ ပိုတက်ဆီယံ၊ သံဓာတ်နဲ့ အမျှင်ဓာတ် တို့ကို ရရှိစေ ပါတယ်။ ပရိုတင်း၊ မဂ္ဂနီဆီယံနဲ့ ဗီတာမင်ကေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

၅။ နှလုံးနဲ့ သွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း

တခြားသော ဟင်းသီး ဟင်းရွက် တွေလိုပဲ တရုတ်နံနံ စားသုံးခြင်းက သွေးတိုး ကျစေပြီး ဆီးချိုရောဂါကို ထိန်းချုပ် ရာမှာလည်း အကူအညီ ပေးပါတယ်။ တရုတ်နံနံဟာ သွေးထဲမှာ ပါဝင်တဲ့ သကြား ပမာဏကို လျော့နည်းစေပြီး သကြားဓာတ်ကို သွေးထဲ စီးဝင်မှု ထိန်းပေးတဲ့ ဒြပ်ဖြစ်တဲ့ အင်ဆူလင် စီးဝင်နိုင်မှု မြင့်မားအောင်လည်း ကူညီပေး ပါတယ်။

၆။ အမျိုးမျိုးသော ရောဂါများကို လျော့ကျစေခြင်း

တရုတ်နံနံက သုက်ရည်ဂလင်းဆိုင်ရာ ပြဿနာများ၊ အသည်းရောဂါများနဲ့ သရက်ရွက်ပြဿနာများအပါအဝင် အမျိုးမျိုးသော ရောဂါများ ခံစားရခြင်းကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသားဝါရောဂါနဲ့ ပန်းနာရင်ကျပ် ကုသရမှာလည်း တရုတ်နံနံက အသုံးဝင်တယ်လို့ သိရပါတယ်။

၇။ နေ့စဉ်ကြုံတွေ့ နေရတဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း

တရုတ်နံနံရဲ့ အရည်ကို အသားအရေ စိုပြေအောင်နဲ့ ဆံပင် သန်စေဖို့ အသုံးပြုနိုင် ပါတယ်။ ဒါ့အပြင် အင်းဆက် အကိုက်ခံရတာ သက်သာစေဖို့ တရုတ်နံနံကို ပွတ်ပေးနိုင် ပါတယ်။

Source & Photos : Healthdigests

Originally published at - http://www.duwun.com.mm/lifestyle/


No comments:

Post a Comment