
လေ့လာ တွေ့ရှိချက် အသစ်အရ အ၀လွန်ပြီး အေရိုးဗစ်လို ကိုယ်လက် လှုပ်ရှား အားကစား မလုပ်သူ တွေဟာ “ ၀ပေမယ့် ကျန်းမာပါတယ်” လို့ ဆိုပေမယ့် ဒါဟာ မဟုတ်ဘူး ဆိုတာကို သက်သေပြ ခဲ့တာ ဖြစ်ပါတယ်။
Sweden ရှိ Umea University က သုတေသီ တွေဟာ အ၀လွန် သူတွေ ထဲမှာမှ ကိုယ်လက် လှုပ်ရှား အားကစား မလုပ် သူတွေဟာ အသက်ကြီး လာတဲ့ခါ စောစီးစွာ သေဆုံးနိုင်ချေ မြင့်မားတယ် ဆိုတာကို လေ့လာ တွေ့ရှိ ခဲ့ပါတယ်။
၂၉နှစ်ကြာ လေ့လာ ခဲ့ပြီးနောက် လူပေါင်း ၄၄,၃၀၁ ဦးမှာ အေရိုးဗစ်လို အားကစား လုပ်သူတွေဟာ မလုပ်သူတွေ ထက် ၄၈ ရာခိုင်နှုန်း ခန့် သေဆုံးနိုင်ချေ လျော့နည်း တာကို လေ့လာ တွေရှိ ခဲ့တာ ဖြစ်ပါတယ်။
အရက်သေစာ၊ မူးယစ်ဆေး သုံးစွဲမှု တွေကြောင့် သေဆုံးနိုင်ချေ ဟာ ကိုယ်အလေးချိန် မထိန်း သိမ်းတာ၊ ကိုယ်လက် လှုပ်ရှား အားကစား ပုံမှန် မလုပ်တာ တွေကြောင့် သေဆုံးနိုင်ချေ နှုန်း အတူတူ ဖြစ်တယ်လို့ ဆိုပါတယ်။ ပုံမှန် ကိုယ်အလေးချိန် ရှိသူနဲ့ အ၀လွန်နေ သူတွေ အတွက် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်ဆောင် တာဟာ သေဆုံးနိုင်ချေကို လျှော့ချ ပေးနိုင်ပါသတဲ့။
Ref : Upi
Originally published at - http://health.thithtoolwin.com/2015/12/blog-post_25.html

No comments:
Post a Comment