ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, December 28, 2015

ၾသစေတ်းလ် တက်စမေးနီးယားတွင် ဆေးလိပ်သောက်ခွင့် ပြုသည့် အသက်အား၂၅နှစ်သို့ တိုးမြှင့်




သြစတျေးလျနိုင်ငံရဲ့ ပြည်နယ် တစ်ခုဖြစ်တဲ့ တက်စ်မေးနီယား ပြည်နယ်မှာ တရားဝင် ဆေးလိပ် သောက်ခွင့် ပြုတဲ့ အသက် အရွယ်ကို ၂၁ ကနေ ၂၅ နှစ်ထိ တိုးမြှင့်နိုင် တယ်လို့ သိရ ပါတယ်၊

တက်စ်မာနီးယားပြည်နယ် အစိုးရကျန်းမာရေးအဖွဲ့က အကြံပြုချက်တစ်ခုမှာ ဒီအစီအစဉ်ဟာ ပြည်နယ်ရဲ့ မြှင့်မားတဲ့ ဆေးလိပ်သောက်နှုန်းကို လျှော့ချနိုင်မှာဖြစ်တယ်လို့သိရပါတယ်၊

ဒီအစီအစဉ်ကို ပြည်နယ်ကျန်းမာရေးဝန်ကြီး Michael Ferguson ကတင်ပြခဲ့တာဖြစ်ပြီး ဒါဟာ လာမယ့်၂၀၂၅ခုနှစ်မှာ သြစတျေးလျနိုင်ငံရဲ့ ကျန်းမာရေး အကောင်းဆုံး ပြည်နယ်ဖြစ်လာဖို့ မျှော်မှန်း ထားတာဖြစ်ပါတယ်၊

Ferguson ကတော့ ဆေးလိပ်သောက်နှုန်းမြှင့်မားနေတာကို ကျွန်တော်တို့ လက်မခံ ပါဘူးလို့ဆိုပါတယ်၊

ဒီကြေငြာချက်သာအောင်မြင်သွားရင် ဥပဒေဟာ နိုင်ငံတကာကိုပျံ့နှံ့သွားနိုင်ပြီး ဒီမတိုင်ခင်ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ မြို့ တော်တော် များများမှာ အသက်နှစ်ဆယ့် တစ်နှစ်မှ ဆေးလိပ်သောက်ခွင့် ရှိတဲ့ ဥပဒေတွေကို ပြဌာန်း ခဲ့ပါတယ်၊

မက်ဆာချူးဆက်ပြည်နယ်က နိဒ်ဟန်းမှာ ၂၀၀၅ခုနှစ်ကတည်းက သတ်မှတ်ခဲ့ပြီး နယူးယော့ခ်မြို့တော်မှာလည်း ၂၀၁၃ မှာ စတင် ခဲ့ပါတယ်၊ ဟာဝိုင်အီမှာလည်း လာမယ့်နှစ် ဇန်န၀ါရီလ တစ်ရက်နေ့က စပြီး အသက်၂၁နှစ်မှ ဆေးလိပ်သောက်ခွင့် ရှိတဲ့ ဥပေဒေ စတင် အသက်ဝင်မယ်လို့ သိရပါတယ်၊

Ref : Independent

Originally published at - http://health.thithtoolwin.com/2015/12/blog-post_83.html


No comments:

Post a Comment