လေလည်ခြင်းရဲ့ အနံ့ အသက်တွေဟာ ဘယ်သူမှ မသိသေးတဲ့ ကျန်းမာရေး ကောင်းမွန်မှုတွေ ရှိနေပြီး ကင်ဆာ ရောဂါ ၊ လေဖြတ်ခြင်း ၊ နှလုံး ဖောက်မှု စတဲ့ ရောဂါတွေကိုလည်း သက်သာ ပျောက်ကင်း အောင် ကူညီပေးနိုင် တယ်လို့ သိပ္ပံ ပညာရှင်တွေက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
အစာအိမ် အတွင်းက ဘက်တီးရီးယား ပိုးမွှားတွေ အစာချေဖျက် လိုက်တဲ့ အခါမှာထွက်ပေါ် လာတဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် ဟာ အနံ့ ပြင်းပြီး လေထု ညစ်ညမ်းစေတဲ့ ဓါတ်ငွေ့ တစ်မျိုးပဲ ဖြစ်ပါတယ်။ ထို ဓါတ်ငွေ့ဟာ ပမာဏ များတဲ့ အခါမှာ အဆိပ်အတောက် ဖြစ်စေပြီး ပမာဏ နည်းတဲ့ အခါမှာတော့ ဆဲလ်တွေကို ကာကွယ်ပေးပြီး နာမကျန်းဖြစ်ခြင်း ကိုလည်း တိုက်ခိုက်နိုင်စွမ်း ရှိတယ်လို့ Exeter တက္ကသိုလ်က သုတေသီတွေ ရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဆဲလ်တွေ ရောဂါရဲ့ ဖိစီးမှုကို ခံရတဲ့အခါမှာ ထို ဆဲလ်တွေဟာ အင်ဇိုင်းဓါတ်တွေ အတွင်း ၀င်ရောက်ဖို့ ကြိုးစားပြီး သူတို့ရဲ့ ကိုယ်ပိုင် ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် တွေကို ထုတ်လုပ်ဖန်တီး လိုက်ပါတယ်။
ထို ဓါတု ပစ္စည်းတွေဟာ သွေးကြောတွေမှာရှိတဲ့ ဆဲလ်တွေ ထဲမှာ စွမ်းအင် ထုတ်လုပ်မှု ကို ပြုလုပ်ပေးတဲ့ Mitochondria ကို မူလအခြေအနေအတိုင်းထိန်းသိမ်းနိုင် အောင် ကူညီပေးပါတယ်။ Mitochondria မရှိရင်တော့ ဆဲလ်တွေဟာ သေဆုံးသွားနိုင်ပါတယ်။
သုတေသီတွေကတော့ AP39 လို့ခေါ်တဲ့ ဓါတ်ပေါင်း တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ထို ဓါတ်ပေါင်းဟာ ခန္ဓာကိုယ်ကို လိုအပ်တဲ့ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် ပမာဏ တွေ ထုတ်လုပ်ပေးနိုင်အောင် ကူညီပေးနိုင်တယ်လို့လည်း သိရပါတယ်။
ထို ဓါတ်ပေါင်းဟာ Mitochondria ကြောင့် ထိခိုက်မှုတွေကို ကာကွယ်ပေးပြီး လေဖြတ်ခြင်း ၊ နှလုံးရောဂါ ၊ ဆီးချို သွေးချို နဲ့ အိုမင်းရင့်ရော်မှုတွေ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့လည်း သိရပါတယ်။
လူသားတွေမှာ စမ်းသပ်မှု မပြုလုပ်ရသေးပေမယ့် သုတေသီတွေဟာ AP39 ရဲ့ ထိရောက်မှုတွေကို ရောဂါပိုးတွေနဲ့ အတူ ဓါတ်ခွဲခန်းတွေမှာ စမ်းသပ် ခဲ့ကြပါတယ်။
Medicinal Chemistry Communications ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြ ခဲ့တဲ့ ရလဒ်တွေ အရတော့ AP39 ဟာ Mitochondria ကြောင့်ဖြစ်ပွား လာနိုင်တဲ့ ရောဂါအခြေအနေ ၈၀ ရာခိုင်နှုန်းခန့်ကို သက်သာပျောက်ကင်းအောင် ကူညီပေးနိုင်တယ် ဆိုတာလည်း သိခဲ့ရပါတယ်။
Ref : Mirror
Original link - http://health.thithtoolwin.com/2015/11/blog-post_9.html
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment