ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 8, 2015

အိပ်ချိန်နောက်ကျတာနဲ့ အမျှ ကိုယ်အလေးချိန် တိုးတိုးလာ


အိပ်ချိန် နောက်ကျ တာနဲ့ ကိုယ်အလေးချိန် တိုးတာနဲ့ ကြားမှာ ဆက်စပ်မှု ရှိတယ်လို့ သုတေသနသစ် တစ်ရပ် က ဆိုပါတယ်။ သုတေသီ တွေဟာ ဆယ်ကျော်သက်ပေါင်း ၃၃၄၂ ယောက်ကို ၁၉၉၆ခုနှစ် ကနေ စပြီး လေ့လာ မှုတွေ ပြုခဲ့ ပါတယ်။ ထိုနှစ်တွေမှာ သူတို့ အားလုံးဟာ ပုံမှန် အိပ်ချိန်၊ အသင့် အစားအစာ စားသုံးမှု၊ လေ့ကျင့်ခန်း၊ တီဗွီကြည့်ချိန် စတဲ့ အချက် အလက်တွေကို အစီရင်တင် ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ အင်တာဗျူး တစ်ခုချင်းစီ အတွက် ကိုယ်အလေးချိန် ညွှန်ကိန်းကို တွက် ထုတ် ခဲ့ကြ ပါတယ်။ အသက်၊ လိင်၊ လူမျိုး၊ တိုင်းရင်းသား၊ လူမူစီးပွားရေး အခြေ အနေ စတဲ့ အချက် အလက်တွေနဲ့ တွက်ထုတ်ပြီးတဲ့ နောက်မှာတော့ တစ်နာရီ နောက်ကျပြီး အိပ်တာနဲ့ B.M.I. ၂ မှတ် တိုးလာ တာကို ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။ အိပ်ချိန် ၈နာရီ ပြည့်တဲ့ သူတွေ မှာတောင် ထိရောက်မှုက သိသာ ပါတယ်။ တီဗွီ မကြည့် သူတွေ၊ လေ့ကျင့်ခန်း မလုပ်သူတွေ မှာတော့ ထိရောက်မှု မရှိပေမဲ့ အသင့်စား အစား အစာစားတဲ့ သူတွေမှာတော့ ထိရောက်မှု ရှိပါတယ်။ “ပထမဆုံး၊ ဘာကြောင့် ဒီလို ဆက်စပ်မှုမျိုး ဖြစ်တာပါလဲ။ နောက်ကျတဲ့ထိ မအိပ်ရင် ဇီဝ ဖြစ်စဉ် ပြောင်းလဲ သွားလို့ ပါလား။ ဒုတိယ တစ်ချက်က၊ အိပ်ချိန် အပိုင်း အခြား ပြောင်း သွားလို့ ပါလား။ စားကျင့်ကို ပြောင်းပြီး အလေးချိန် ပြောင်းလဲမှုကို ပြောင်းလဲ နိုင်ပါသလား။” လို့ ဘွဲ့ယူ ကျောင်းသူ တစ်ယောက်က မေးခွန်း ထုတ်ခဲ့ ပါတယ်။ သူတို့ရဲ့ လေ့လာမှုမှာ ကန့်သတ်ချက်တွေ ရှိပါတယ်လို့ သိပ္ပံပညာရှင် တွေက ပြန်ကြား ခဲ့ပါတယ်။ သူတို့ရဲ့ အိပ်စက်မှု အချက် အလက် တွေက ကိုယ်တိုင် အစီရင်ခံစာ တွေပေါ် မူတည်ကြောင်းနဲ့ အစားအစာ အချက်အလက် အပြည့်အစုံကို မရ ရှိကြောင်း ပြောပါတယ်။ ( Skyler ) သစ်ထူးလွင်(ကျန်းမာရေး) Original link - http://health.thithtoolwin.com/2015/10/blog-post_8.html

No comments:

Post a Comment