ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

အေးခဲ ကုသမှု နည်းပညာဖြင့် ထိန်းသိမ်းထားသည့် ကမ္ဘာ့အသက်အငယ်ဆုံး ကလေးငယ် (ရုပ်သံ)




ဒီနှစ် အစောပိုင်းက ရှားပါး ဦးနှောက် ကင်ဆာဖြစ်ပြီး သေဆုံး ခဲ့တဲ့ ထိုင်းနိုင်ငံမှ အသက် ၂ နှစ်အရွယ် ကလေးငယ်ဟာ အေးခဲ ကုသနည်းပညာနဲ့ ထိန်းသိမ်း ထားတဲ့ ကမ္ဘာ့အသက် အငယ်ဆုံး ကလေးငယ် ဖြစ်လာ တယ်လို့ သြစတေးလျနိုင်ငံ အခြေစိုက် နိုင်းနယူးစ်မှာ ဖော်ပြပါတယ်။

မက်သရင်နာ အိုဗာရက်ပွန် ခေါ် အင့်ဇ် (Matheryn Naovaratpong or Einz) အမည်ရ အဲဒီကလေး ငယ်ဟာ သူ့ရဲ့ ၂ နှစ်ပြည့် မွေးနေ့ အပြီးမှာ ကင်ဆာရောဂါ ရှိနေတာကို တွေ့ခဲ့ တာဖြစ်ပြီး ၃ နှစ်မြောက်မွေးနေ့ မကျင်းပနိုင်ခင် ဇန်န၀ါရီ ၈ ရက်နေ့မှာ သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့မိဘတွေက အေးခဲကုသမှု နည်းပညာ အသုံးပြုပြီး ဆက်လက် ထားရှိမယ်လို့ ဆုံးဖြတ် ခဲ့ကြပြီး အရီဇိုးနား အခြေစိုက် အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ အယ်ကောမှာ အသက်ဆက် ၀န်ဆောင်မှု ရနိုင်ဖို့ ရွေးချယ် ဆုံးဖြတ် ခဲ့ကြတာပါ။

ဘန်ကောက်မြို့ကဆေးရုံမှာ သေဆုံးသွားပြီလို့ ကြေညာပြီးနောက် အယ်ကောအဖွဲ့က သူ့ရဲ့ ခန္ဓာကိုယ်တွင်း တစ်ရှူးတွေ မပျက်စီးစေဘဲ လည်ပတ်စေကာ ဦးနှောက်ကို အေးခဲစေတဲ့ နည်းပညာနဲ့ ထားရှိ ခဲ့တာပါ။

အဲဒီနောက် အရီဇိုးနားကို သူ့ရဲ့ရုပ်အလောင်း သယ်ယူ သွားခဲ့ပြီး ဦးနှောက်ထုတ်ယူကာ -၁၉၆ ဒီဂရီမှာ ထားရှိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သူဟာ အဲဒီအဖွဲ့ရဲ့ ၁၃၄ ဦးမြောက် အသက်အငယ်ဆုံး လူနာ ဖြစ်လာ ခဲ့ပါတယ်။

သူ့ရဲ့မိဘတွေ ကတော့ သူ့ရဲ့ နောက်ထပ် အသက် ဆက်လက် ရှင်သန်မှု အတွက် ခုလို ဆုံးဖြတ် ခဲ့ကြတာဖြစ်ပြီး ဖခင်ဖြစ်သူ ဆာဟာတွန်းက “သိပ္ပံပညာ ရှင်တွေက ဒါကို ရာနှုန်းပြည့် ဖြစ်လာမယ်လို့ ယုံကြည် ကြပါတယ်။ ဘယ်နေ့ဖြစ်လာမလဲ ဆိုတာတော့ ကျနော်တို့လည်း မသိနိုင်ပါဘူး” လို့ ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။

“အရင်တုန်းက ဒါဟာ နှစ်ပေါင်း ၄၀၀ ကနေ ၅၀၀ လောက်မှ ဖြစ်လာမယ်လို့ ကျနော်တို့ ထင်ခဲ့ပေမယ့် ခုတော့ နှစ်ပေါင်း ၃၀ လောက်ဆိုရင် ဖြစ်လာနိုင်မယ်လို့ ကျနော်တို့ စိတ်ကူးကြည့်လို့ ရပါပြီ။”

သူတို့မှာ မက်သရင်နာအိုဗာရက်ပွန်အပြင် တခြားကလေး ၃ ဦးရှိသေးပြီး မက်သရင်နာအိုဗာရက်ပွန်ရဲ့ အိပ်ခန်းကို အထွတ်အမြတ်ထားတဲ့ နေရာတခုလို ဆင်ယင်ထားရှိတာဖြစ်ပြီး သူတို့ တနေ့ပြန်ဆုံတွေ့မယ်လို့ ယုံကြည်နေပါတယ်။

ကျန်တဲ့ မိသားစုဝင်တွေကိုလည်း ခုလို အေးခဲကုသမှု နည်းပညာနဲ့ ထိန်းသိမ်းထားရှိဖို့ ရည်ရွယ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116790


No comments:

Post a Comment