ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, May 19, 2016

ဆံပင်မသန်တော့တဲ့ အကြောင်းရင်း ခြောက်ခု




တစ်ချို့ကတော့ ဆံပင် မသန်တော့ဘဲ တဖြည်းဖြည်းနဲ့ ဆံသား ကျဲပါး လာတာကြောင့် စိတ်ညစ်နေ ကြပါတယ်။ ဒီလို ဆံသား မသန်စွမ်းတော့ တာကတော့ အောက်က အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

အောက်က အကြောင်းရင်းတွေကို ဖတ်ကြည့်ပြီး ဆံသား သန်စွမ်းစေဖို့ အတွက် ဆောင်ရန် ရှောင်ရန်တွေကို သတိထား မိနိုင်ကြပါစေ။

မျိုးရိုးဗီဇ

လူတစ်ဦးချင်းဆီမှာ ဆံပင်ပေါက်တဲ့ ဖြစ်စဉ်တွေ မတူညီတတ်ကြပါဘူး။ လေ့လာကြည့်မယ်ဆိုရင်၂-နှစ်ကနေ၆-နှစ်အတွင်းဆံပင်ရဲ့ အရှည်က တစ်ယောက်နဲ့တစ်ယောက် မတူညီတာကို တွေ့နိုင်ပါတယ်။

အများစုမှာတော့၁-လအတွင်းမှာ ဆံပင်လက်မ၀က်လောက် ရှည်ထွက်လာ တတ်ပါတယ်။ အာဖရိကန်တွေထက် အာရှသားတွေ ကဆံပင်ရှည်တာ နည်းနည်း နှေးတတ်ပါတယ်။

ဆံပင်ကျွတ်ခြင်း

လူတိုင်းဆံပင်ကျွတ်ကြပါတယ်။ ဒါဟာသဘာဝပါပဲ။ ကျွတ်သွားတဲ့ ဆံပင်တွေနေရာမှာ ဆံပင်အသစ်တွေ အစားထိုး ပေါက်လာပါတယ်။ အများစုကတစ်နေ့ကိုဆံပင် ၁၀၀ နီးပါးကျွတ်တတ်ကြပြီး အဲဒီနေရာ ဆံပင်အသစ်တွေအမြန် ဆုံးပြန်ပေါက်လာပါတယ်။ ဆံပင်ရဲ့ပြန်ပေါက်နှုန်းက ကျွတ်တဲ့ နှုန်းထက် နှေးနေရင်တော့ ဆံပင်တွေ ကျဲပါးလာပါတယ်။ ဆံပင် ကျဲပါးလာရတဲ့ အကြောင်းတွေက အများကြီး ရှိပါတယ်။

အသက်အရွယ်နှင့်စိတ်ဖိစီးမှု

အသက်ကြီးလာရင် ဆံပင်တွေက အားနည်းလာပါတယ်။ အနှစ်နှစ်အလလကအပူပေးပြီး ဆံပင်ပြုပြင်တာ၊ ဓာတုပစ္စည်းတွေအသုံးပြုပြီး ဆံပင်ကောက်တာ ၊ဖြောင့်တာတွေ လုပ်တာစတာတွေက ဆံပင်တွေကို ပျက်စီးစေပါတယ်။အသက်ကြီးလာတဲ့အခါဆံပင်ကကျွတ်တာများပြီး ပြန်ပေါက်တာနည်းလာလို့ဆံပင်ကျဲလာပါတယ်။

အသက်၄၅ နှစ်ကျော်လာတဲ့အခါ ဆံပင်ကအဆီထွက်တာ သိသိသာသာ နည်းလာပြီး ဆံသားတွေ ခြောက်သွေ့ပြီးကြမ်းတမ်း လာပါတယ်။ စိတ်ဖိစီးမှုတွေ များတာ၊နေထိုင် မကောင်းတာတွေ ဖြစ်ရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ စိတ်ခံစားမှုနဲ့ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေက ဆံပင်ကျွတ်တာနဲ့ဆက်စပ်မှု ရှိပါတယ်။ မျက်နှာနဲ့ ဆံပင်ပေါင်းတင်တာ ၊ညင်သာစွာနှိပ်နယ်ပေး တာတွေကဆံသားသန်စွမ်းစေဖို့ အားပေးပါတယ်။

အဖျားနှစ်ခွကွဲခြင်း။

မကြာခဏခေါင်းဖြီးတာ၊ဆံပင်ပုံစံအမျိုးမျိုးပြုပြင်တာ၊ဆံပင်အရောင်ချွတ်တာစတာတွေလုပ်ပါကဆံပင်အဖျား နှစ်ခုကွဲတာဖြစ်နိုင်ခြေ များပါတယ်။ဆံပင်ကို ကြမ်းကြမ်း တမ်းတမ်း ကိုင်တွယ်တာ၊ နေရောင်ခြည် ထိတွေ့မှုများ တာတွေက ဆံသားခြောက်သွေ့ပြီးကြွပ်ဆတ် လာပါတယ်။

ဆံပင်အရောင်ချွတ်တာ၊ဓာတုပစ္စည်းအသုံးများတာ တွေကဆံပင်ရဲ့ကျုံ့နိုင်ဆန့်နိုင်အားလျော့နည်းစေပြီး အစိုဓာတ်ကိုလျော့နည်းစေပါတယ်။ ဆံသားတွေဟာ တစ်လကို လက်မတစ်ဝက်လောက်ရှည်ထွက်ပါတယ် ။ဒါပေမယ့်ဆံသားအဖျားကနှစ်ခုကွဲပြီး ကျိုးပြတ်တာကြောင့်ဆံပင်က ရှည်ထွက်မလာပါဘူး။ ဆံပင်အဖျားတွေကိုလိမ်တာ ၊ခေါက်တာတွေမလုပ်သင့်ပါဘူး။နေရောင်ခြည်ထိတွေ့မှု
နဲ့အပူပေးပြုပြင်တာတွေရှောင်ပါ။

အပူပေးပြီးဆံပင်ပြုပြင်ခြင်း။

အပူပေးပြီးဆံပင်ပြုပြင်မှုတွေ မကြာခဏလုပ်တာကြောင့်ဆံသားတွေ ပျက်စီးတတ်ပါတယ်။ ဆံပင်ပြုပြင်မှု အများစုဖြစ်တဲ့လေမှုတ်အခြောက်ခံတာ ဆံပင်ဖြောင့်တာ၊ အပူချောင်း သုံးပြီးဆံပင်ကောက်တာ စတာတွေကို အပူပေးပြီး လုပ်ဆောင် ရပါတယ်။ အပူပြင်းပြင်းပေး တာကဆံသားရဲ့ အပေါ်ယံ အလွှာကိုပျက်စီးစေပြီး ဆံပင်သန်စွမ်းမှုကို ဟန့်တား ထားပါတယ်။ ဆီကြည်သုံးတာကဆံသားအစိုဓာတ်ကိုဖြည့်ပေးပြီးဆံသားရဲ့အပေါ်ယံ အလွှာပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။

အစားအစာ

ဗီတာမင်နဲ့သတ္တုဓာတ်တွေ ချို့တဲ့ပါက ဆံသား သန်စွမ်းမှု မရှိဖြစ်တတ် ပါတယ်။ ဖာရင်တင်၊ဇင့်၊ ဗီတာမင်ဘီ-၁၂၊ စတာတွေက ဆံပင်သန်စွမ်းပြီး အရှည်မြန်စေ ပါတယ်။
သံဓာတ်နဲ့ပရိုတင်းကဆံပင်သန်စွမ်းစေပြီး အဖျားနှစ်ခွဖြစ်တာနဲ့ဆံပင်ပျက်စီးတာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ခန္တာကိုယ်မှာ ဖရင်တင်ချို့တဲ့ ပါကဆံပင်ပြန်ပေါက်တဲ့ ဖြစ်စဉ်ကို နှေးစေ တာကြောင့် ဆံပင်ကျဲပါး လာပါတယ်။

သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုနည်းတာ၊များတာ တွေကလည်းဆံပင်ရှည်ထွက်မှုအပေါ်သက်ရောက်မှုရှိပါတယ်။ ဆံသားအတွက်အာဟာရပြည့်ဝစွာစားသုံးပြီး ၊
ဖြည့်စွက်သောက်သုံးချင်တယ်ဆိုရင်တော့ ဘိုင်အိုတင်သောက်ရမှာဖြစ်ပါတယ်။

Ref : For Hair

Originally published at - http://health.thithtoolwin.com/2016/05/blog-post_19.html

No comments:

Post a Comment