ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, April 22, 2016

နှာခေါင်းပေါ်မှာ မျက်မှန်ကြောင့် အရာထင်တာတွေကို ဘယ်လိုဖျောက်မလဲ




မျက်မှန်ကို မချွတ်တမ်းတပ် ထားရသူတွေမှာ နှာခေါင်း တစ်ဝိုက် အညိုရောင် အရာတွေ ထင်ကျန် တတ်တဲ့ အတွက် သဘာဝအသား ရောင်အတိုင်းပြန်ဖြစ်အောင် ဘာတွေ လုပ်ဆောင်နိုင်တယ် ဆိုတာ ဖော်ပြပေး လိုက်ပါတယ်။

သခွားသီး- သခွားရည်ညှစ်ပြီးညို နေတဲ့နေရာတွေကို သုတ်ပေးရင် ပဲဖြစ်ဖြစ်၊ သခွားသီးကို ခပ်ပါးပါး အကွင်းလေးတွေလှီးပြီး နှာခေါင်း ပေါ်တင်ပေးရင်ပဲဖြစ်ဖြစ်၊ ပွတ် ပေးတာပဲဖြစ်ဖြစ်လုပ်နိုင်ပါ တယ်။

ပျားရည်- မျက်မှန်ရာထင်နေတဲ့ နေရာကို ပျားရည်အနည်းငယ် သုတ်ပြီး ၁၅ မိနစ်လောက်ထား ပေးတာမျိုး ပုံမှန်လုပ်ပေးနိုင်ပါ တယ်။

ရှားစောင်းလက်ပပ်- ရှားစောင်း လက်ပပ်ဂျယ်ကို သုတ်ပေးထား ရင်လည်း အရေပြားကို အားဖြည့် ပေးပြီး အရာထင်တာတွေ တ ဖြည်းဖြည်းပျောက်ကင်းစေပါ တယ်။

သံပရာသီး- သဘာဝချွတ်ဆေး တစ်မျိုးဖြစ်တဲ့ သံပရာကို အရည် ညှစ်၊ ဂွမ်းစလေးနဲ့ ပွတ်နိုင်သလို သံပရာရည်ထဲကို ပျားရည်နည်း နည်းထည့်ပြီးတော့လည်း သုံးနိုင် ပါတယ်။

အာလူး- အာလူးကို ခပ်ပါးပါး လေးလှီးပြီး ညိုနေတဲ့နေရာတွေ ကို ပွတ်ဆေးပေးရင်လည်း စိတ် ပျက်စရာအညိုရာတွေ ပျောက် ကင်းစေမှာပါ။

လိမ္မော်ခွံ- လိမ္မော်ခွံအမှုန့်ကို နွားနို့နည်းနည်းနဲ့ရောပြီး လိမ်း ပေးရင်လည်း အရာထင်တာတွေ သက်သာစေပါတယ်။

ထောပတ်သီး၊ စတော်ဘယ်ရီသီး - နှစ်သက်ရာအသီးကို ကြိတ်ခြေ၊ အနှစ်လုပ်ပြီး ပွတ်ပေးတာမျိုး ပုံ မှန်လုပ်ပေးနိုင်ပါတယ်။

ပန်းသီးဗီနီဂါ- ဗီနီဂါလက်ဖက် ရည်ဇွန်းနှစ်ဇွန်းနဲ့ ရေအနည်းငယ် ရောပြီး ဂွမ်းစလေးနဲ့ ပုံမှန်လေး ပွတ်ပေးရင် တစ်ပတ်အတွင်း သိ သာလာမှာပါ။

Originally published at - http://www.7daydaily.com/story/62813

No comments:

Post a Comment