ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 24, 2015

ညအိပ်ချိန်မှာ အစာ စားခြင်းဟာ ဦးနှောက် မှတ်ဥာဏ်တွေကို ထိခိုက်စေနိုင်




ညသန်းခေါင် အချိန်မှာ အစာပြေ သရေစာ များ စားသောက်ခြင်း ဟာ သင့်ရဲ့  ဦးနှောက် မှတ်ဥာဏ်ကို ထိခိုက် စေနိုင် တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြ လိုက်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ အိပ်မောကျ နေချိန်မှာ အစာ ချေဖျက်မှု လုပ်ငန်း စဉ်ကို ဆောင်ရွက် စေခြင်းဟာ ဦးနှောက်ရဲ့  မှတ်ဥာဏ်တွေကို ဖြစ်ပေါ်စေတဲ့ အစိတ် အပိုင်းဖြစ်တဲ့ Hippocampus ကို ထိခိုက် စေနိုင်လို့ပဲ ဖြစ်ပါတယ်။ သိပ္ပံ ပညာရှင် တွေဟာ ဒီ သီအိုရီကို ကြွက်တွေနဲ့ စမ်းသပ် ခဲ့တာ ဖြစ်ပါတယ်။

ကြွက်တွေ ရဲ့  သာမန် အိပ်စက်ချိန်မှာ အစာကြွေး လိုက်တဲ့ အခါမှာ သူတို့ဟာ မှတ်ဥာဏ်တွေ ပြန်လည် ရယူဖို့ ခက်ခဲ ခဲ့တာကို တွေ့ ရပြီး သူတို့ရဲ့  ရေရှည် မှတ်ဥာဏ် မှာလည်း သက်ရောက် မှုတွေ ရှိလာတာကို သုတေသီ တွေက ရှာဖွေတွေ့ ရှိခဲ့ ကြပါတယ်။

အရင်ကတည်းက ရှာဖွေတွေ့ရှိထားတဲ့ အချက် အလက်တွေ မှာလည်း ကျွန်ုပ်တို့ရဲ့  အိပ်ချိန်တွေမှာ အစာ စားခြင်းဟာ သွေးအတွင်း သကြားဓါတ် ပမာဏ များပြား လာစေခြင်းနဲ့ အတူ ဆီးချို ၊ သွေးချို နဲ့ နှလုံးရောဂါ တွေကို ဖြစ်စေနိုင်တယ်လို့ သိရှိ ထားပြီးသား ဖြစ်ပါတယ်။

အခု တစ်ခေါက် မှာတော့ လော့အိန်ဂျလိစ် မြို့ မှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီ တွေဟာ အိပ်ချိန်မှာ အစာ စားခြင်းဟာ စိတ်ပိုင်း ဆိုင်ရာ ထိခိုက် သက်ရောက်မှု ရှိနိုင်လား ဆိုတာကို လေ့လာ ခဲ့ကြ တာပါ။

e-Life ဆိုတဲ့ဂျာနယ်မှာ ရေးသားထားတာကတော့ သုတေသီတွေဟာ ဒီ သီိအိုရီအတွက် မှန်ကန်ကြောင်း အခိုင်အမာဆိုနိုင်ခဲပါတယ်။

သုတေသန မှာပါဝင်တဲ့ ကြွက်တွေဟာ အိပ်ချိန်မှာ အစာစားတဲ့အခါ ခန္ဓာကိုယ်အတွင်းပိုင်း အချိန်စက်ဝိုင်းအတွက် အရေးပါပြီး ဦးနှောက်ရဲ့ မှတ်ဥာဏ် တွေကို ဖြစ်ပေါ်စေနိုင်စွမ်းရှိတဲ့ CREB ဆို တဲ့ ပရိတိန်း ပမာဏလည်း လျော့နည်းသွားတာကြောင့်ပဲ ဖြစ်ပါတယ်။

Ref : Dailymail

Originally published at -http://health.thithtoolwin.com/2015/12/blog-post_30.html


No comments:

Post a Comment