
ငါးအဆီ ထဲမှာ အိုမီဂါ-3 ဖက်တီး အက်ဆစ် ကြွယ်ဝစွာ ပါရှိတဲ့ အတွက်ကြောင့် သက်ကြီးပိုင်း တွေရဲ့ ဦးနှောက် ထုထည်ကို ပိုကြီး လာစေပြီး အယ်လ်ဇိုင်းမား ရောဂါကိုလည်း ကာကွယ်ပေး တယ်လို့ သုတေသီ တွေက သက်သေပြ ခဲ့ပါတယ်။
ငါးအဆီ စားခြင်းဟာ ဦးနှောက် ကျန်းမာရေးကို တစ်နှစ်၊နှစ်နှစ် ထိန်းသိမ်းတာနဲ့ ညီမျှတယ် လို့လည်း Neurology ဂျာနယ်မှာ ဖတ်ရပါတယ်။
ဦးနှောက် ထုထည် ကျုံ့လာခြင်းဟာ အယ်လ်ဇိုင်းမား ရောဂါ လက္ခဏာ တစ်ရပ် ပါပဲ။ အသက်ကြီး လာရင်လည်း ဦးနှောက် ထုထည် ကျုံ့လာတာပါပဲ။
ဒီတော့ ငါးအဆီပါတဲ့ ငါးကို တစ်ပတ်နှစ်ကြိမ် စားပါလို့ အကြံပြု ချင်ပါတယ်။ အိုမီဂါ-3 အက်ဆစ်ထဲမှာ ပါရှိတဲ့ docosahexaenoic အက်ဆစ် (DHA)ဟာ ဦးနှောက်ဆဲလ်တွေ တစ်ခုနဲ့ တစ်ခုဆက်သွယ်မှုကို အားပေး ပါတယ်။
အိုမီဂါ-3 အက်ဆစ် အကြွယ်ဝဆုံး ငါးတွေကတော့ herring လို့ခေါ်တဲ့ မြောက်အတ္တလန္တိတ် ငါးသလောက်၊ မက်ကရယ်ငါး နဲ့ ဆာဒင်းန်ငါး တွေပဲ ဖြစ်ပါတယ်။
Ref: Daily Mail
Originally published at - http://health.thithtoolwin.com/2015/12/blog-post_84.html





No comments:
Post a Comment