ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 10, 2015

သင့်ကို အရွယ်မတိုင်မှီ စောစီးစွာ သေဆုံးစေနိုင်တဲ့ အမူအကျင့် ခြောက်မျိုး




လူတစ်ယောက်ကို အရွယ် မတိုင်မှီ သေဆုံးနိုင်တဲ့ အကြောင်းရင်း အခြေခံ စာရင်းကို သိပ္ပံ ပညာရှင် တွေက စာရင်း ပြုစု တင်ဆက် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လေ့လာမှုတွေ အရ အရက် သောက်သုံးခြင်း၊ အာဟာရ မမျှတစွာ စားသုံးခြင်း၊ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း နဲ့ ဆေးလိပ် သောက်ခြင်းတို့ ဟာ ပျှမ်းမျှ သက်တမ်းကို တိုစေ နိုင်ကြောင်း ဖော်ထုတ်ပြ ခဲ့ပြီး ဖြစ်ပါတယ်။

အခုအခါမှာ နောက်ထပ် နှစ်ချက် အနေနဲ့ အထိုင်များခြင်း နဲ့ အအိပ်များခြင်း သို့ မဟုတ် နည်းခြင်း တို့ ကလည်း လူတစ်ယောက်ရဲ့ ပျှမ်းမျှ သက်တမ်းကို တိုစေနိုင် တယ်လို့ သိပ္ပံ ပညာရှင် တွေက ကောက်ချက် ချလိုက် ပါတယ်။

အထက်ဖော်ပြပါ မကောင်းတဲ့အမူအကျင့်ခြောက်မျိုးလုံး လုပ်တတ်တဲ့သူတစ်ယောက်ဟာ ကျန်းမာရေးနဲ့ အညီ နေတဲ့သူတစ်ယောက်နဲ့ ယှဉ်ရင် ခြောက်နှစ်တာအတွင်း သေဆုံးနိုင်ခြေ ငါးဆကျော် ပိုများနိုင်တယ်လို့ PLOS Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

တစ်နေ့ ကို ခုနစ်နာရီထက်ပိုထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလွန်းခြင်းနဲ့ ကိုးနာရီထက်ကြာအောင် အိပ်စက်တတ်ခြင်းတို့ က သေစေနိုင်လောက်တဲ့အထိ အစွမ်းထက်ပါတယ်။

အချိန်ကြာကြာ ထိုင်ခြင်း၊ နဲ့ အချိန်ကြာအိပ်စက်ခြင်းတို့ နှစ်မျိုးလုံး လုပ်လေ့ရှိသူတွေဟာ ဆေးလိပ်ကောအရက်ပါ အသောက်များတဲ့ လူတွေနည်းတူ အရွယ်မတိုင်မှီ သေဆုံးနိုင်ခြေ အများ ဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒီ့အပြင် တစ်နေကုန် တစ်နေခမ်း ရုံးမှာ ထိုင်လုပ်ရခြင်းရဲ့ ဆိုးကျိုး အကျိုးဆက်ဟာ ညနေပိုင်းလောက်လေး gym သွားကစား ရုံနဲ့  မခြေဖျက်နိုင်ဘူးလို့ လည်း အဆိုပါ လေ့လာမှုမှာ ဖော်ပြခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ တက္ကသိုလ်က သုတေသန ပညာရှင်တွေ ဦးဆောင်ခဲ့တဲ့ လေ့လာမှုမှာ အသက် ၄၅ နှစ် နဲ့ အထက် လူပေါင်း နှစ်သိန်း သုံးသောင်းကျော် ပါဝင်ပြီး ခြောက်နှစ်ကြာ လေ့လာ ခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်း တုန်းကလည်း ကိန်းဘရစ်ခ်ျ တက္ကသိုလ်က သုတေသန ပညာရှင်တွေရဲ့ လေ့လာမှုမှာ တစ်နေ့ ကို ရှစ်နာရီ အထက် ပုံမှန် အိပ်လေ့ ရှိသူတွေဟာ သာမန် သူတွေထက် နှလုံးဖောက်နိုင်ခြေ နှစ်ဆ ပိုများပြီး အမျိုးသမီး တွေမှာ အထူး အန္တရာယ် အရှိဆုံး ဖြစ်တယ်လို့ ဖော်ပြ ခဲ့ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_21.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment